လွိုင်ကော်-ရှားတောသွားလမ်းအနီး လူတစ်ဦးအား မီးရှို့ထားသည့် ရုပ်အလောင်းတွေ့ရှိ

လွိုင်ကော်-ရှားတောသွားလမ်းအနီး လူတစ်ဦးအား မီးရှို့ထားသည့် ရုပ်အလောင်းတွေ့ရှိ
by -
လင်းသန့်

လွိုင်ကော်မြို့နှင့် ၁၁ မိုင်ကျော်အကွာ ကြတ်ဂူအနီးတွင် လူတစ်ဦးအား မီးရှို့ထာသည့် ရုပ်အလောင်းကို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က တွေ့ရှိခဲ့သည်။

ယင်းနေရာရှိ လွိုင်ကော်-ရှားတောလမ်းအနီး လမ်းဘေးရှိ ရေချောင်းတွင် ကားတာယာနှင့် ပလပ်စတစ်ပုံများကို လောင်စာအဖြင့် အသုံးပြုကာ လူအလောင်းကို မီးရှို့ထားသည့် လဏ္ခာများနှင့် အတူ မီးလောင်ကျွမ်းထားသော ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအလောင်းကို ဒေါတချရွာသားတစ်ဦးက ဝါးခုတ်သွားစဉ်တွေ့ရှိခဲ့့သည်။ ၎င်းက ကျေးရွာအုပ်ချုပ်ရေးမှူထံသို့ အသိပေးခဲ့သည်။ ဒေါတချကျေးရွာအုပ်ချုပ်ရေးမှူးက ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တွင် ရဲစခန်းသို့အသိပေး တိုင်ကြားခဲ့သည်။

အလောင်တွေ့ရှိရာနေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကာ ရုပ်အလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ခွဲစိတ်စစ်ဆေးနေကြောင်း သိရသည်။

သေဆုံးသူ ရုပ်အလောင်းသည် မည်သူဟု အတိအကျမသိရှိရသေးသော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် လင်မယားချင်း ရန်ဖြစ်ကာ ဒေါ်သူဇာဦးသည် ဖေဖေါ်ဝါရီ ၅ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်းတို့၏ ဆွေးမျိုးနီးစပ်သူများက ဆိုသည်။

ဒေါ်သူဇာဦး ပျောက်ဆုံးသွားပြီးနောက်ပိုင်း အမျိုးသားဖြစ်သူ ဖိုးလပြည့်ကိုလည်း ၎င်းတို့၏ နေအိမ်၌ မတွေ့ရှိရတော့ကြောင်းလည်း အိမ်နီးချင်းများနှင့် ဆွေမျိုးများက ဆိုကြသည်။

ရုပ်အလောင်းသည် ပျောက်ဆုံးသွားခဲ့သူ ဒေါ်သူဇာဦး ဖြစ်နိုင်သည်ဟု ယူဆမှုများလည်း ရှိနေသည်။

လူကို မီးရှို့သည့် ဖြစ်စဉ်သည် ကယားပြည်တွင် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်ကာ ၂၀၁၆ ခုနှစ် သြဂုတ်လက လွိုင်ကော်မြို့ ထေးငှားလျားကျေးရွာတွင်လည်း အမျိုးသမီးတစ်ဦးကို ရန်ညိုးကြောင့် သတ်ကာ အလောင်းမီးရှို့လိုက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...