ကယားပြည်နယ်၌ NLD ပါတီသို့ ဒုတိယအကြိမ်မြောက် အလုံးအရင်းလိုက် အဆိုပြုဝင်ရောက်

ကယားပြည်နယ်၌ NLD ပါတီသို့ ဒုတိယအကြိမ်မြောက် အလုံးအရင်းလိုက် အဆိုပြုဝင်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ ရွာလုံးကျွတ်များ အပါအဝင် ပါတီဝင်အဖြစ် ပါတီအဆိုပြုလွှာပေးအပ်ပွဲတစ်ခု ကယားပြည်နယ် လွိုင်လင်လေးမြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်၌ ပြုလုပ်ခဲ့သည်။ 

လွိုင်လင်လေးမြို့ပေါ်တွင် ပြုလုပ်သည့် ယင်းအဆိုပြုလွှာပေးအပ်ပွဲတွင် ပါတီဝင်အဖြစ်  လူထောင်ချီဝင်ရောက်ခဲ့ကြပြီး ယင်းသည် ကယားပြည်နယ်၌ NLD ပါတီသို့ ပါတီဝင်အဖြစ် တပြိုင်တည်း အစုလိုက်အပြုံလိုက် ဝင်ရောက်မှု  ၂ ကြိမ်မြောက်ရှိသွားပြီဖြစ်သည်။

ယခင်တစ်ကြိမ်သည် သြဂုတ်လ ၉ ရက်နေ့က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင်   ၈၈ မျိုးဆက်အင်အားစုများနှင့် ပြည်သူအချို့အပါအဝင် လူဦးရေ  ၆၀၀ ကျော်  NLD ပါတီထဲ ဝင်ရောက်ရန် ပါဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။  

ယခုအကြိမ်တွင်မူ ရွာလုံးကျွတ် ၁၂ ရွာအပြင် စုစုပေါင်း ရွာ ၂၄ ရွာမှ ပြည်သူ ၂၃၉၀ ဦး ပါတီသို့ ဝင်ရောက်ခဲ့ကာ ၎င်းတို့အား အဆိုပြုလွှာပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပြုလွာပေးအပ်ပွဲ အစီအစဉ်အား ကယားပြည်နယ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြီး ကယားပြည်နယ်စည်းရုံးရေးအဖွဲ့မှ ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။

အဆိုပြုလွှာပေးအပ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ရန်ကုန်မှလာရောက် တက်ရောက်ခဲ့သည်။

အဆိုပါပွဲကို ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုူ နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က္ဋ္ဌနှင့် ပါတီဝင်များ၊ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုများနှင့် ဒေသခံ ၄၀၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...