နေအိမ်တစ်လုံး မီးလောင်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးမှု လွိုင်ကော်တွင်ဖြစ်ပွား

နေအိမ်တစ်လုံး မီးလောင်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးမှု လွိုင်ကော်တွင်ဖြစ်ပွား
by -
ထျိုးမြာ

နေအိမ်တစ်လုံးမီးလောင်ရာမှ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးမှု ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက် ပန်းသိရိဒေါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ည ၁၀ နာရီ အချိန်ခန့်တွင် နေအိမ်တစ်လုံးမီးလောင်နေကြောင်း သတင်းအရ လွိုင်ကော်မြို့မ စခန်းမှူးဦးစီးသောအဖွဲ့နှင့် လွိုင်ကော်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး၊ မီးသတ်ကား နှစ်စီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ငြိမ်းသတ်ခဲ့သည်။

သေဆုံးသွားသူမှာ အိမ်ပိုင်ရှင် ဒေါ်အေးဒေ၏ အိမ်ကို ငှားရမ်းနေထိုင်သော ဒေါ်ဝင်းဖြစ်သည်။

ဆယ်ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်အမျိုးအစားဖြစ်သော ယင်းနေအိမ်မီးလောင်မှု၏ ဆုံးရှုံးတန်ဖိုးမှာ ငါးသောင်းကျပ်ခန့်ရှိကြောင်းသိရသည်။

၄င်းအမျိုးသမီးအလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ဆေးစာရေးသားပေးပို့ထားရှိပြီး လွိုင်ကော်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ /၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...