ပူတာအို ကုန်စျေးနှုန်း ခုန်တက်ခြင်း ကို ဒေသခံများ ဆန္ဒပြ

ပူတာအို ကုန်စျေးနှုန်း ခုန်တက်ခြင်း ကို ဒေသခံများ ဆန္ဒပြ

ကုန်စျေးနှုန်း မြင့်တက်မှုကို ကန့်ကွက်ကြောင်း ပူတာအို ဒေသခံများ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ မြစ်ကြီးနား-ပူတာအို ကားလမ် တံတား အချို့ကို စစ်ရေး အခြေအနေကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖျက်စီးခဲ့ပြီးနောက် လက်ရှိ ပူတာအိုမြို့နယ်တွင် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေကြောင်း သိရပါသည်။

ထို့ကြောင့် ဒေသခံ ၁၀၀ ကျော်ပါဝင်ပြီး ပူတာအိုမြို့ တွင် ယနေ့ မနက် ၇ နာရီမှ ၉ နာရီအထိ လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြ ပြည်သူများက ‘ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်ကြပါ၊ စစ်ပွဲကို အကြောင်းပြပြီး လမ်း တံတားဖျက်ဆီးခြင်းအား ချက်ချင်းရပ်’ စသည့် စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။

ပျက်စီးသွားသော မြစ်ကြီးနား-ပူတာအို လမ်းပိုင်းနေရာများကို ပြန်လည် ပြုပြင်သင့်/မသင့် ပူတာအိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ဦးခန်ရင် ပြည်နယ်လွှတ်တော်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က အဆိုတင်သွင်း ဆွေးနွေးခဲ့ပါသည်။

သို့သော်လည်း နယ်စပ်လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ၄င်းနေရာများကို လုံခြုံရေးအပြည့်ယူကာ ပြန်လည်ဆောက်လုပ်သွားမှာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါသည်။

ပူတာအိုမြို့တွင် ယခင် ဓါတ်ဆီ ၁ ပုလင်း ကျပ် ၁၀၀၀ မှ ယခု ကျပ် ၆၀၀၀ အထိ မြင့်တက်သွားပြီ ဖြစ်သည်။

၂၀၁၈ ဇန်နဝါရီ လကုန်ပိုင်း အစိုးရတပ်မှ ကချင် လွှတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁) ကို ထိုးစစ်ဆင်လာသဖြင့် KIA မှ တံတား နှစ်စင်းကို ဖျက်စီးထားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ မနက် ဆန္ဒပြပွဲတွင် ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့များမှ ‘လမ်းတံတား ဖျက်စီးသော KIA အလိုမရှိ၊ စက်ယန္တရားများ ဖျက်စီးသော KIA အလိုမရှိ’ ဆိုသည့် ပိုစတာများ ကိုင်ဆောင်ကာ ခဏတာ ဝင်ရောက် ပါဝင်ခဲ့ကြောင်း ဒေသခံများ ပြောသည်။

 

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...