ရှမ်းပြည်အမျိုးသားနေ့နောက်ခံသမိုင်း

ရှမ်းပြည်အမျိုးသားနေ့နောက်ခံသမိုင်း

၁၈၈၅ – ဗမာပြည် ဗြိတိသျှကိုလိုနီအဖြစ်ကျရောက်။

၁၈၈၇ – ရှမ်း(သျှမ်း)ပြည် ဗြိတိသျှ အစောင့်ရှောက်ခံတိုင်းပြည်ဖြစ်လာ။

၁၉၂၂ – စော်ဘွားနယ် ၃၃ နယ် (နောင် ၃၄ နယ်) ပါ၀င်သော ဖက်ဒရယ်ပြည်ထောင်စု သျှမ်းပြည် FSS- ( သျှမ်း ၂၁ ၊ ဓနု ၃၊ ပအို၀်း ၂၊ ပလောင် ၁၊ “၀” – ၁၊ ကိုးကန့် ၁၊ ကယန်း ၁ နယ်) အဖြစ် ( ၁ ၊၁၀၊ ၁၉၂၂ ) ၌ ဖွဲ့စည်း။ အင်္ဂလိပ်ကော်မရှင်နာ ဥက္ကဌ လုပ်။

၁၉၃၀ – ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် သဘောတူစုပေါင်းတောင်းဆိုကြသည့် တောင်ကြီးညီလာခံကျင်းပပြီးသည်နှင့် စက်တင်ဘာ ၃ ကို အမျိုးသားနေ့အဖြစ်သတ်မှတ်၊

၁၉၄၅ – သြဂုတ် ၁၅ – ဒုတိယကမ္ဘာစစ်ပြီးဆုံး။

– အောက်တိုဘာ ၁၇ – မွန်နှင့်ရခိုင်အပါအဝင် ဗမာပြည်ကို လွတ်လပ်ရေးပေးရန် အင်္ဂလိပ်အစိုးရကြေငြာ၊ ကျန်တောင်တန်းနယ်စပ်ဒေသများအပေါ် သီးခြားဆက်လက်အုပ်ချုပ်သွားရန်။

၁၉၄၆ – ဇန်နဝါရီ ၃၀- မိုင်းကိုင်(မိန်းကိန်) ကွန်ဖရင့်စ်တွင် (နောင်သျှမ်းပြည်ကောင်စီဖြစ်လာမည့်) သျှမ်းပြည်စော်ဘွားများကောင်စီဖွဲ့စည်း။ နမ့်ဆန်-တောင်ပိုင် (ပလောင်) စော်ဘွားကြီး ခွန်ပန်းစိန် ဥက္ကဌအဖြစ် တာဝန်ယူ။

-မတ်၂၆-၃၀ – ပထမပင်လုံညီလာခံ သျှမ်းပြည်ကောင်စီတွင် လူထုကိုယ်စားလှယ်များပါ၀င်လာရေးဆွေးနွေး။

–  သြဂုတ် ၂၀ – သျှမ်းပြည်လူငယ်များ သျှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (နောင်သျှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) တောင်ကြီးတွင်ထူထောင်။

– ရပခ၏ အခြေခံမူ ၃ ရပ်မှာ-

(၁) လွတ်လပ်သောတိုင်းပြည်အဖြစ် သျှမ်းပြည်ရပ်တည်နိုင်

(၂) ဗမာပြည်နှင့်ပူးပေါင်းပြီး တပြိုင်တည်းလွတ်လပ်ရေးယူသင့်

(၃) ခွဲထွက်ပိုင်ခွင့်ရှိပါက ဗမာပြည်နှင့် ပြည်ထောင်စုအဖြစ်ထူထောင်သင့်။

၁၉၄၇ – ဇန်နဝါရီ ၂၇ – ၄င်းတို့၏ ဆန္ဒအပေါ် မူတည်ပြီး တောင်တန်းဒေသများ အပါအဝင် တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆို။

-ဖေဖော်ဝါရီ ၃ ရက် – ဒုတိယပင်လုံညီလာခံစတင်။ ၁၅၊ ၂၊ ၁၉၄၇ နေ့တောင်ကြီးတွင်ကျင်းပမည့် သျှမ်းပြည်ကောင်စီ SSC ညီလာခံတွင် လူထုနှင့် စော်ဘွားကိုယ်စားလှယ် ၇ ဦးစီ တန်းတူညီမျှစွာ ပါ၀င်ရန်ကိစ္စ ဗမာပြည်ဘုရင်ခံထံ ကြေးနန်းစာပို့။

ဖေဖော်ဝါရီ ၆ ရက်- သျှမ်း-ကချင် ကိုယ်စားလှယ်အစည်းအဝေးတွင် အောက်ပါအချက်များ သဘောတူဆုံးဖြတ်-

(၁) – ကချင်ပြည်ရရှိရေးသဘောတူ

(၂) – ဗမာပြည်နှင့်တန်းတူရေး

(၃) – မိမိပြည်တွင်းရေးကိစ္စကို ကိုယ်တိုင်တာဝန်ယူ။ တပြည်လုံးနှင့်ဆိုင်သည့်အခြားကိစ္စများအတွက်ပူးပေါင်းတာဝန်ယူ။

(၄) - အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မခံ။

(၅) - ခွဲထွက်ခွင့်ရရှိရေး။

ဖေဖော်ဝါရီ ၇ – ကချင် ၊ချင်း ၊သျှမ်းကိုယ်စားလှယ်အစည်းအဝေးတွင် သျှမ်း-ကချင် သဘောတူ ဆုံးဖြတ်ချက်အာလုံးလက်ခံအတည်ပြု။

– သျှမ်းပြည်ကောင်စီ၏ တင်ပြချက်၊ တောင်းဆိုချက် များကိုလက်မခံ ပယ်ချကြောင်း အင်္ဂလိပ်ကော်မရှင်နာက ကြေးနန်းအကြောင်းပြန်။

– သျှမ်းပြည်ကောင်စီ၏ လူထုနှင့်စော်ဘွားကိုယ်စားလှယ် ရ ဦးစီ ပါ၀င်မှု ဆုံးဖြတ်ချက်ကိုအတည်ပြုကြောင်း၊ အင်္ဂလိပ်၏ကြေးနန်းစာကိုဆန့်ကျင်ကြောင်း ကော်မရှင်နာနှင့်ဘုရင်ခံတို့ထံကြေးနန်းပြန်ရိုက်။

ဖေဖော်ဝါရီ ၈- ဗမာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းပင်လုံရောက်။

ဖေဖော်ဝါရီ ၉- ပင်လုံညီလာခံ ဆက်လက်ကျင်းပ ။

ဖေဖော်ဝါရီ ၁၁- သျှမ်းပြည်ဆိုင်ရာဆုံးဖြတ်ချက် ၃ ရပ်အတည်ပြုကြောင်း သျှမ်းပြည်ကောင်စီဥက္ကဌ SSC စဝ်ခွန်ပန်းစိန် ထုတ်ပြန်ကြေငြာ။

(၁) – ဖေဖော်ဝါရီလ ၇ ရက် အမျိုးသားနေ့

(၂) – ၀ါ-စိမ်း-နီ အမျိုးသားအလံ

(၃) – အမျိုးသားသီချင်း

ဖေဖော်ဝါရီ ၁၂ – အချက် ၉ ချက်ပါပင်လုံသဘောတူညီချက် (သျှမ်းပြည်ကိုယ်စားလှယ် ၁၄ ဦး၊ ကချင်တောင်တန်းဒေသ ကိုယ်စားလှယ် ၆ ဦး၊ချင်းတောင်တန်းကိုယ်စားလှယ် ၃ ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့) လက်မှတ်ထိုး။

ပင်လုံစာချုပ် ၉ ချက်၏ အကျဉ်းချုပ်အနှစ်သာရမှာ ပြည်နယ်တိုင်း (အတွင်းရေး ၀င်မစွက်စတမ်း) အပြည့်အဝ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်၊ ဒီမိုကရေစီနှင့်တန်းတူရေး၊ ကိုယ်ပိုင်ဘဏ္ဍာရေး စီမံခန့်ခွဲပိုင်ခွင့်များ အခရာကျ။

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...