မုံးကိုး က ဆင်းလာသော မြန်မာအစိုးရတပ် ကို KIA တိုက်ခိုက်

မုံးကိုး က ဆင်းလာသော မြန်မာအစိုးရတပ် ကို KIA တိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမှ Loi Jung Bum တောင် လမ်းကြောင်းဖြင့် Mungbaw (မုန်ဘော်) ဘက်ကို ဆင်းလာသော မြန်မာအစိုးရတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) တပ်ဖွဲ့များမှ ဖေဖေါ်ဝါရီ ၁ ရက် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ကျော်မှာ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အင်အား ၆၀ ခန့်ရှိ အဆိုပါ တပ်မ ၁၁ စစ်ကြောင်းကို Mungbaw (မုန်ဘော်)၊ Man Chyam ရွာ အထက် မှာ KIA တပ်မဟာ (၆) တပ်ဖွဲ့များ မိုင်း (၂)လုံးဖြင့် စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိကြောင်း KIA တပ်မဟာ (၆) သတင်း ရပ်ကွက် က ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

သေဆုံးသူ ၃ ဦးတွင် ၁ ဦးမှာ ဗိုလ်အဆင့်နှင့် တပ်ကြပ်အဆင့် ၁ ဦး ပါပြီး ဒဏ်ရာရသူ ၇ ဦး တွင်လည်း ၁ ဦး မှာ ဗိုလ်အဆင့် ရှိသူ ပါကြောင်း ဒေသခံမျက်မြင်များ က ဆိုပါသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေချိန် ရှမ်းပြည်မြောက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...