တိုက်ပွဲ ပြင်းထန် နေချိန် KIOနှင့် မြန်မာစစ်တပ် တရုတ်နယ်စပ်တွင် တွေ့ဆုံ

တိုက်ပွဲ ပြင်းထန် နေချိန် KIOနှင့် မြန်မာစစ်တပ် တရုတ်နယ်စပ်တွင် တွေ့ဆုံ
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး Nban La၊ ဇန်နဝါရီ ၂၇ ကျမ်းသစ္စာ ခံယူပွဲ၊ လိုင်ဇာ
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး Nban La၊ ဇန်နဝါရီ ၂၇ ကျမ်းသစ္စာ ခံယူပွဲ၊ လိုင်ဇာ

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ယနေ့ တရုတ်နိုင်ငံ၏ မြန်မာနယ်စပ် ယူနန်ပြည်နယ် Baoshan မြို့နယ် Dali တွင် တွေ့ဆုံဆွေးနွေး နေကြပါသည်။

တရုတ်အစိုးရ၏ ကြားဝင် အကူညီပေးမှုဖြင့် KIO ဥက္ကဌ သစ် ဗိုလ်ချုပ်ကြီး Nban La ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တပ်မတော် ကာကွယ်ရေးဌာန အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ် အဖွဲ့ ကြား Dali တွင် တွေ့ဆုံကြခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၇ KIO ဥက္ကဌ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုအပြီး ယခု တွေ့ဆုံမှုသည် ဗိုလ်ချုပ်ကြီး Nban La ၏ ပထမဆုံး မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်း နှင့် တွေ့ဆုံ ခြင်းလည်း ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား ကချင်ပြည်နယ်၏ အဓိက ကားလမ်းကြောင်း (၃) ခု နမ့်ခမ်း-ကိုင်ထိပ်-ဗန်းမော်၊ မြစ်ကြီးနား-ပူတာအို နှင့် မြစ်ကြီးနား-တနိုင်း လီဒိုလမ်း ကြောင်းများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပါသည်။

တပ်မတော်ဘက်က စစ်အင်အား အလုံးအရင်း အပြင် ရဟတ်ယာဉ်နှင့် ဂျက်တိုက် လေယာဉ်များဖြင့် KIA ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...