ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး တိုင်းရင်းသားအဖွဲ့များ ယန်ဟီးလီကို တင်ပြ

ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး တိုင်းရင်းသားအဖွဲ့များ ယန်ဟီးလီကို တင်ပြ

ရှမ်းအဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီနှင့် တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူများ အမြန်ဆုံးလွတ်မြောက်ရန်အတွက် ကူညီဆောင်ရွက်ပေးရန် တင်ပြခဲ့ကြသည်။

မစ္စယန်ဟီးလီသည် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိလာပြီး တိုင်းရင်းသားဒေသအတွင်း လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများ၊ ဒုက္ခသည်ကော်မတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တချို့ကို လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်၌ ၂၀၁၇ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်းပြုစုထားသည့် စာတမ်းတစ်စောင်အား မစ္စ ယန်ဟီးလီထံ ပေးအပ်ခဲ့ပြီး မစ္စယန်ဟီးလီမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် မစ္စ ယန်ဟီးလီနှင့် အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့်လည်း သီးခြားစီ တွေ့ဆုုံခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မစ္စယန်ဟီးလီ မှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း မကြာသေးမှီက ဖြစ်ပွားခဲ့သည့် ဆန္ဒထုတ်ဖော်မှု နှင့် သေဆုံးခဲ့ရသည့် ကိစ္စရပ်များ၊ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဖြစ်ပွားနေမှု တိုက်ပွဲ အခြေအနေများ နှင့်၊ ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် သေဆုံးမှုနှင့် ဆန္ဒဖော်ထုတ်မှု အခြေနေများကို သီးခြားစီ တွေ့ဆုံမေးမြန်းခဲ့သည်ဟုလည်း သိရသည်။

မစ္စယန်ဟီးလီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တဆင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဇန္နဝါရီလ ၂၈ ရက်နေ့ မနက် မှာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်သူများ အပါအဝင် တိုင်းရင်းသားဒေသမှ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများနှင့်ပါ သီးခြားစီ တွေ့ဆုံခဲ့ခြင်းပြီးပြီး ဇန္နဝါရီလ ၂၉  ရက်နေ့တွင် ထိုင်းနိုင်ငံမှတဆင့် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

မစ္စယန်ဟီးလီ သည် ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်၍ အကဲဖြတ် လေ့လာရန် အတွက် အခုလ ဇန္နဝါရီလတွင် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်ထားသော်လည်း မြန်မာအစိုးရမှ ပိတ်ပင် တားမြစ်ခဲ့သည့်အတွက် နယ်စပ်ဒေသနှင့် ပြည်ပအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများနှင့် လိုက်လံတွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် သူမ၏ တာဝန်အရ မြန်မာနိုင်ငံသို့  တစ်နှစ်လျင် နှစ်ကြိမ် လာရောက်ရမည်ဖြစ်ပြီး တွေ့ရှိချက်များအား လူ့အခွင့်အရေး ကကောင်စီနှင့် အထွေထွေညီလာခံ အား တင်ပြရခြင်းဖြစ်သည်။

မစ္စယန်ဟီးလီ သည် မြန်မာနိုင်ငံသို့ ၆ ကြိမ် လာရောက်ထားပြီး ဖြစ်သလို မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ် ဇွန်လမှ စ၍ တာဝန်စတင်ရယူခဲ့သူတစ်ဦး ဖြစ်သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...