အအေးဒါဏ်ကို ဘယ်လိုကျော်ဖြတ်ရမလဲ

အအေးဒါဏ်ကို ဘယ်လိုကျော်ဖြတ်ရမလဲ
by -
ခူးလီးတခဲ

တောင်နဲ့ မြောက်ဘက်က အအေးဒါဏ်တွေကြောင့် နေရာအသီးသီးက အပူချိန်တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် လူ့ရဲ့ခန္ဓာကိုယ်ထဲက အပူချိန်ဟာလည်း သာမာန်ထက် တဖြည်းဖြည်း ကျဆင်းသွားပါတယ်။

အအေးဒါဏ်ဟာ သက်ကြီးရွယ်အို၊ ကလေးငယ်၊ နှလုံးရောဂါသည်နဲ့ အကြောသေလူနာတို့အတွက် အန္တရာယ်ပိုများစေပြီး အထူးသဖြင့် ဦးနှောက်ပိုင်းဆိုရင် ချို့ယွင်းမှု၊ အာရုံကြောဖွဲ့စည်းမှုစနစ်နဲ့ နှလုံးတို့ကို ထိခိုက်စေပါတယ်။

ရာသီဥတုအေးလှတဲ့ ခုလိုဆောင်းရာသီမျိုးမှာ ကျနော်တို့ရဲ့ ကျန်းမာရေးကို ပိုမို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အအေးဒါဏ်ကြောင့် မကြာခဏ ဖျားလေ့ရှိတဲ့သူတွေအတွက် အောက်ပါအချက် ၅ ချက်ကို အကြံပြုပေးလိုပါတယ်။

၁။ ဆောင်းရာသီမှာ ခြေတိုလက်တိုအဝတ်အစားတွေကို ရှောင်ရှားပြီး ကိုယ်ခန္ဓာကို အနွေးပေးနိုင်မယ့် အင်္က ျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ အနွေးထည်တို့ကို တတ်နိုင်သဘောက်ဝတ်ပေးပါ။

၂။ မိမိကျန်းမာရေးကို အကျိုးပြုစေမယ့် အစားအစာများကို စားပေးပါ။ ကိုယ်ခံအားအတွက် အကျိုးပြုစေမယ့် အစားအစာများကတော့ အသီးအရွက်တွေပဲဖြစ်ပါတယ်။ အသီးအရွက်တွေမှာ ဗီတာမင်ဓါတ်တွေများလှပါတယ်။ အထူးသဖြင့် ဗီတာမင်စီဟာ အအေးဒါဏ်ကိုကာကွယ်နိုင်သလို ရောဂါကူးစက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ရေများများသောက်ပေးပါ။ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေအတွက် အားဖြည့်ပေးစေသလို အသားအရေလည်း စိုပြေလှပစေပါတယ်။ တတ်နိုင်ရင်ရေနွေးသောက်တာပိုကောင်းပါတယ်။ နေ့ခင်းဖက်မှာ ရေနွေးသောက်ပေးခြင်းနဲ့ အိပ်ရာမဝင်ခင် နွားနို့နွေးနွေးလေးသောက်ပေးခြင်းအားဖြင့် အိပ်ရေးဝပြီး ခန္ဒာကိုယ်ခုခံအား ကောင်းစေမှာဖြစ်တယ်။

၄။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ခန္ဓာကိုယ်အနွေးဓါတ်ရရှိဖို့အတွက် မနက်အိပ်ရာထတာနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နိုင်သလို နေပူစာလှုံနိုင်ပါတယ်။

၅။ ရေနွေးချိုးပေးပါ။ ဆောင်းရာသီက တချိန်လုံးအေးနေတဲ့အတွက် ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အနွေးဓါတ်ရှိနေဖို့အရေးကြီးပါတယ်။ ရေအေးအစား ရေနွေးချိုးပေးခြင်းအားဖြင့် အအေးဒါဏ်ကြောင့် ဖြစ်တတ်တဲ့ ဖျားနာမှုများကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အအေးပိုင်းနေရာဒေသတွေမှာ နေထိုင်ကြတဲ့ လူထုတွေအနေနဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကိုအနွေးပေးနိုင်ဖို့ အထူးဂရုစိုက်ကြဖို့လိုပါတယ်။ ငွေကြေမတတ်နိုင်ကြတဲ့ ကျေးလက်ဒေသက ပြည်သူတွေဟာ အအေးဓါဏ်ကို မီးလှုံပြီး ကျော်ဖြတ်လေ့ရှိတာကို လေ့လာတွေ့ရှိရပါတယ်။

မီးလှုံခြင်းဖြင့် မီးခိုးငွေ့တွေကို မွန်းကြပ်စွာ ရှူရှိုက်ရတဲ့အတွက် ချောင်းဆိုးခြင်း၊ လည်ချောင်းနာချင်း၊ အဆုပ်နဲ့ ပတ်သက်ပြီး အသက်ရှူလမ်းကြောင်းတွေ ထိခိုက်တဲ့ ဝေဒနာတွေခံစားနိုင်လို့ ရေကိုများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဆောင်းရာသီမှာ အပြင်ထွက်ရင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်တို့ကို ဝတ်ဖို့မမေ့ပါနဲ့။ အားလုံးဆောင်းရာသီကာလတခုကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...