ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲကြောင့် ရွာသား ရ၀၀ ကျော် တောထဲ ထွက်ပြေး နေရ

ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲကြောင့် ရွာသား ရ၀၀ ကျော် တောထဲ ထွက်ပြေး နေရ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် Nhtan Zup (အင်ထန်ဇွပ်) ကျေးရွာအနီး တစ်ဝိုက် တိုက်ပွဲပြန်လည် ဖြစ်ပွားလာသည့် အတွက် ဒေသခံ ရွာသား ၇၀၀ ကျော်သည် ဇန်နဝါရီ ၁၉ ရက်နေ့မှ စတင်ပြီး ဦးတည်ရာမဲ့ တောထဲ ထွက်ပြေးနေရပါသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲကြောင့် Lawt Mai Yang (လော့ဒ်မိုင်ယန်) နှင့် Mali yang (မလိယန်) ကျေးရွာကြား ဒေသခံ ရွာသားများမှ မလိခမြစ် (Mali Hka) ကို ကူးပြီး အရှေ့ဘက်ခြမ်းမှာ ထွက်ပြေး နေရသည်ဟု ဒေသခံများမှ သိရပါသည်။

Lawt Mai Yang၊ Ndup Zup၊ Nhtan Zup (လောဒ့်မိုင်ယန်၊ အင်ဒွပ်ယန်၊ အင်ထန်ဇွပ်) နှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူ ၇၀၀ ကျော် လက်ရှိ ဦးတည်ရာမဲ့ ထွက်ပြေးနေရပြီဟု ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ယနေ့ ဇန်နဝါရီ ၂၃ သတင်း ဖော်ပြထားသည်။

တောထဲ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် ပြည်သူများ အတွက် အကူအညီ မရရှိသေးကြောင်း လည်း သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသကို စစ်ပြေးဒုက္ခသည်များ အတွက် အကူအညီ ပေးပို့ရန် မြစ်ကြောင်းလမ်းမှ တပါး ကုန်းလမ်း မရှိပါ။ သို့သော်လည်း မလိခ မြစ်ကြောင်းလမ်းကို တပ်မတော်က Tayang Zup (တယန်ဇွပ်) ကျေးရွာတွင် ထိန်းချုပ်ထားပြီး ကုန်ပစ္စည်းများ သယ်ပို့ခွင့် ပိတ်ထားသည်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...