တိုက်ပွဲကြောင့် လီဒိုလမ်း တိန်းကောက်ကျေးရွာ စာသင်ကျောင်း ပိတ်ထား ရ

တိုက်ပွဲကြောင့် လီဒိုလမ်း တိန်းကောက်ကျေးရွာ စာသင်ကျောင်း ပိတ်ထား ရ

ကချင်ပြည်နယ် လီဒိုလမ်း တိန်းကောက်ကျေးရွာတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ဇန်နဝါရီ ၂၁ ရက်နေ့တွင် စာသင်ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ နေ့ ညနေ ၅ နာရီခန့်၊ တိန်းကောက် ကျေးရွာအနီး တစ်မိုင်ဝန်းကျင် ၂ ဖက် တပ် တိုက်ပွဲ ဖြစ်ပွားလာပြီး ရွာအထဲအထိ လက်နက်ကြီး ကျရောက်ခဲ့သည်။

တိုက်ပွဲမှာ ယနေ့ မနက်ထိ ဆက်လက်ဖြစ်ပွားနေပြီး စာသင်ကျောင်းများလည်း ပိတ်ထားနေရသည်ဟု ဒေသခံ တစ်ဦး အကြောင်းကြား လာသည်။

ရွာအနီး တပ်စွဲထားသော မြန်မာ့တပ်မတော်စခန်းမှ လက်နက်ကြီးများ ပစ်နေသည့်အတွက် ဒေသခံများ ပိုမို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

ဟူးကောင်း ချိုင့်ဝှမ်းဒေသတွင် ၂၀၁၇ ဒီဇင်ဘာလမှ စတင်ပြီး အစိုးရတပ် နှင့် KIA တို့ တိုက်ပွဲ တစ်ဖန် ပြန်လည် ပြင်းထန်ခဲ့ပြီး လက်ရှိ တနိုင်း-မြစ်ကြီးနား လမ်းပိုင်း ဆိုင်ကယ်စီးနင် မှုကို တပ်မတော်က တားမြစ်ထားသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...