ရန်ကုန် - မော်လမြိုင်ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံသုံးစွဲ

ရန်ကုန် - မော်လမြိုင်ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံသုံးစွဲ
ဓါတ်ပုံ - မော်လမြိုင်-မုတ္တမ သံလွင်တံတားပေါ်ရှိရထားလမ်းပိုင်း
ဓါတ်ပုံ - မော်လမြိုင်-မုတ္တမ သံလွင်တံတားပေါ်ရှိရထားလမ်းပိုင်း

ရန်ကုန်နှင့် မော်လမြိုင် ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံ အကုန်ကျခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်နှင့် မော်လမြိုင် ရထားလမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတော်ဘတ်ဂျက် ၉ ဘီလီယံ အကုန်ကျခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အဆင့်မြှင့်တင်တယ်ဆိုလည်း အခုလက်ရှိရထားလမ်းပိုင်းထက်ကိုပိုပြီးတော့ ညက်ညောအောင်၊ လူးတာတွေ ခုန်တာတွေ သက်သာအောင်၊ လမ်းကောင်းသွားရင်၊ ရန်ကုန်နဲ့ မော်လမြိုင်ဆို ၇ နာရီလောက်ပဲမောင်းရမယ်၊ ခရီးသည်တွေအတွက်လည်းပိုပြီးအဆင်ပြေသွားမယ်” ဟု ၄င်းကဆိုသည်။

ယခုလိုရထားလမ်းပိုင်း အဆင့်မြှင့်တင်နေခြင်းသည်၊ ဘီးလင်းမြို့နယ် တောင်စွန်းဘူတာကိုကျော်လာပြီဖြစ်ကာ ၂၀၁၉ ဘတ်ဂျက်နှစ်ကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆင့်မြှင့်တင်မည့် ရထားသံလမ်းသည် ကိုးချောင်းဆက် သံလမ်းဂဟေဆက် သည့်စနစ်ကိုအသုံးပြု၍ ရထားသံလမ်းကို ၈ လက်မအမြင့်ထိ မြှင့်တင်ပြီး အောက်ခံကျောက်များဖြင့် ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ထို့အပြင် ရထားအရှိန်နှုန်းလည်းမြင့်လာမည်ဖြစ်သည့်အတွက်  ရထားလမ်းဖြတ်ကူးသည့် တရားမဝင်ဂိတ်များကိုအသုံးပြု သွားလာနေသည့် ပြည်သူများ အတွက် အန္တရာယ်ကင်းရှင်းရန်၊ ပညာပေးသည့်အပိုင်းလည်း မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရထားပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးမောင််ဇော်က ပြောသည်။

“အခုလည်းကျွန်တော်တို့ ပညာပေးလက်ကမ်းစာစောင်တွေထပ်ရိုက်နေတယ်၊ ဒီပတ်လောက်မှာဆိုရင် ကျေးရွာတွေမှာရှိတဲ့ ရုံပိုင်တွေကတစ်ဆင့် လိုက်ဖြန့်တော့မယ်” ဟု ဦးမောင်ဇော်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ရထားလမ်းဖြတ်ကူး၍ ရထားနှင့်ကားတိုက်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက်ရှိ သည့်အတွက် ရထားလမ်းပိုင်းအဆင့်မြင့်လာသည်နှင့်အမျှ၊ ပညာပေးသည့်အပိုင်းလည်းပိုမိုဆောင်ရွာက် သွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိ ၉ နာရီခန့်စီးနင်းနေရသည့် ရန်ကုန်နှင့်မော်လမြိုင်ခရီး ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ပြီးစီးသွားပါက ၇ နာရီလောက်သာ ကြာမြင့်မည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများအတွက် ပိိုမိုအဆင်ပြေလာနိုင်သလို၊ ရထားအသုံးပြုမှုလည်းများလာမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ထောက်ပြသည်။

အရှည်မိုင် ၁၈၈ ရှိသည့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို ၃ ပိုင်းခွဲပြီးဆောင်ရွက်လျက်ရှိရာ မော်လမြိုင်-တောင်စွန်း ၇၈ မိုင်ခွဲဆောင်ရွက်ဆဲဖြစ်ပြီး တောင်စွန်း-ပဲခူး ၆၃ မိုင်၊ ပဲခူး-ရန်ကုန် ၄၆ မိုင်ခွဲတို့ကို အပြီးသပ်မြှင့်တင်ခဲ့ပြီးဖြစ်သည်။ 

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...