ကမ္ဘာ့ဘဏ်အကူအညီနဲ့ ကလေး-ဟားခါးလမ်း နိုင်လွန်ကတ္တရာမခင်းမီ လမ်းချဲ့ရာမှာ ထိခိုက်မှုတွေအတွက် ကျပ်သန်းပေါင်း၂၀၀ ကျော် လျော်ကြေးပေးမယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်စပ် ခိုင်ကမ်းမြို့အဝင်မှာ “ချင်းပြည်နယ်မှ ကြိုဆိုပါ၏” ဆိုတဲ့မုခ်ဦး တည်ဆောက်မှု ရပ်ဆိုင်းထားတာကို ဆက်ဆောက်ပေးဖို့ ခိုင်ကမ်းရပ်မိရပ်ဖတွေက တောင်းဆိုနေကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ရက်အတိအကျ မသိရသေးပေမဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။
ပထမဆုံးအကြိမ် ချင်းလူမှုအဖွဲ့အစည်းများနှင့်ချင်းမီဒီယာအဖွဲ့အစည်းများကြား ရင်းနှီးမှုတည်ဆောက်ရေး ဖိုရမ်အပေါ် ဦးဆောင်သူတွေရဲ့မျှော်လင့်ချက်နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်က ဘယ်တွေများဖြစ်နိုင်မလဲ။






