Published
Wednesday, January 17, 2018
ကရင်ဘာသာ အစီအစဉ် (ဇန်နဝါရီလ ၁၇၊ ၂၀၁၈)
မဲ့သဝေါဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်ဆိုတာကို မဟုတ်မမှန်ကြောင်း KNLA က ငြင်းဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက အရင်နှစ်ထက်သုံးဆနီးပါးတိုးလာပြီး ဖားအံနဲ့ မြဝတီမြို့တွေမှာ အများဆုံးဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုခေတ်မှာ သိပ်မမြင်ကြရတော့တဲ့ ကရင်လူမျိုးတွေရဲ့ရှေးခေတ်ဓလေ့ရိုးရာတစ်ခုဖြစ်တဲ့ ပူဇော်ပသပွဲကို ထိန်းသိမ်းတဲ့အနေနဲ့ ပိတခ ရွာသားတွေက စုပေါင်းကျင်းပခဲ့ပါတယ်။






