Published
Sunday, December 24, 2017
ရခိုင်ဘာသာ အစီအစဉ် (ဒီဇင်ဘာလ ၂၄၊ ၂၀၁၇)
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်လိုက်တာ ဘာကြောင့်လဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကန့်ကွက်နေသူတွေနဲ့ ရခိုင်အမျိုးသားပါတီက ကြိုဆိုလိုက်ကြပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ပူးပေါင်းချင်တယ်လို့ ရခိုင်မျိုးချစ်ပါတီက ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက်ကို အခုအပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တုန့်ပြန်သွားမယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောပါတယ်။
ရခိုင်လူငယ်ညီလာခံကို ၂ဝ၁၈ ခုနှစ်၊ မေလထဲမှာ ပြုလုပ်ဖို့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါပြီ။






