မြန်မာဘာသာ အစီအစဉ် (ဒီဇင်ဘာလ ၂၄၊ ၂၀၁၇)

မြန်မာဘာသာ အစီအစဉ် (ဒီဇင်ဘာလ ၂၄၊ ၂၀၁၇)

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၈ ဖွဲ့ က ထိပ်သီးခေါင်းဆောင်တွေဟာ တတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာတင်ပြမယ့် ကဏ္ဍကြီး ၅ ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၅ ရက်ကြာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အိမ်မရှိ၊ ယာမရှိပြည်သူတွေအတွက်ရည်ရွယ်ပြီးတော့ စစ်တွေ မြို့မှာတည်ဆောက်ထားတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို စတင်ရောင်းချ နေပေမယ့် အခြေခံလူတန်းစားတွေကတော့ မဝယ်နိုင်ကြဘူးလို့ ပြောပါတယ်။

ကရင်ပြည်နယ်က ကော့ကရိတ်မြို့မှာတော့ အစိုးရကပေးတဲ့ လျှပ်စစ် ဓာတ်အားလိုင်း မီးကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တောင်းခံပြီး တည်ဆောက်ပြီးစီးပါက ဓာတ်အားလိုင်း မီးရရှိတော့မှာဖြစ်တယ်လို့ ပြည်နယ်အစိုးရ လျှပ်စစ်နှင့်စက်မှှုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

May 8, 2026
- အသွင်ပြောင်းစစ်အစိုးရသမ္မတဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 7, 2026
- ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ခဲစျေးထပ်မံကျဆင်းလာတာကြောင့် လုပ်ငန်းရှင်တွေ...
May 6, 2026
- KNPBC အဖွဲ့ဟာ တရားဝင်အတည်ပြုဖွဲ့စည်းလိုက်တာမျိုး မဟုတ်သေးဘူးလို့ ဦးဆောင်ပါဝင်သူတွေက...
May 5, 2026
- လေတပ်စခန်း ၄ ခုကို အသုံးပြုပြီး စစ်အုပ်စုက ရခိုင်ဒေသကို အထူးလေကြောင်းစစ်ဆင်ရေး တစ်ရပ်အနေနဲ့...