ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ဟာဆိုရင် ၂၀၁၇ ခုနှစ် နှစ်ဟောင်းကုန်လို့ ၂၀၁၈ ခုနှစ် နှစ်သစ်တစ်ခုကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်မည့်အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ခေါင်းဆောင်တချို့က ဘာတွေများ နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောထားကြပါသလဲ။
မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ အံဒင်ကျေးရွာက မွန်အမျိုးသားပညာရေး အထက်တန်းကျောင်းကို တပ်မတော်က ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
အစိုးရတပ်မတော်နဲ့ KNPP တို့ကြား ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံးပြီး အရပ်သား ၁ ဦး ပျောက်ဆုံးနေတဲ့အပေါ် ဥပဒေလမ်းကြောင်း အတိုင်းသာ ဖြေရှင်းသွားမယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်ပါတယ်။






