မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂၇၅၀၀ ကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂၇၅၀၀ ကျော်ရှိ
မော်လမြိုင် အထက (၁)၊ ၂၀၁၇ (photo: MNA)
မော်လမြိုင် အထက (၁)၊ ၂၀၁၇ (photo: MNA)

မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ပညာနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းစေရန် ပညာသင်နှစ် စကတည်းကပင် စီမံချက်ရေးဆွဲပြီး အချိန်ပိုသင်ကြားခြင်း၊ ဖြည့်စွတ်သင်ကြားခြင်း၊ ကုစားသင်ကြားခြင်း၊ ဘာသာရပ်ဟောပြောပွဲများကျင်းပခြင်း၊ ၃ နာရီမေးခွန်း အကြိုစာမေးပွဲများကျင်းပခြင်း၊ အောင်ချက်နည်းသည့်မြို့နယ်တို့ကို ကြပ်မတ်ဆောင်ရွက်ခြင်းများဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်ဟု ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

“ပုံမှန်အားဖြင့် အချိန်ပိုသင်ကြားတာ၊ အောင်ချက်နည်းတဲ့မြို့နယ်တွေက ကျောင်းသူ/သားတွေကို အုပ်ထိန်းမှုနစ်နဲ့ လေ့ကျင့်သင်ကြားပေးတာ၊ အားနည်းတဲ့ကျောင်းသူ/သားတွေ အားနည်းတဲ့ဘာသာရပ်တွေကို ကုစားသင်ကြားပေးတာ၊ ဘာသာရပ်ဆိုင်ရာဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်ပါတယ်” ဟု ၄င်းက ပြောသည်။

ပြင်ပဖြေဆိုသူများအပါအဝင်၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးတို့သည် ပြည်နယ်အတွင်းရှိ စာစစ်ဌာန ၅၀ ခုတို့တွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်ဟု  ဦးမျိုးတင်အောင်က ဆက်ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၇ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲစစ်ဆေးမှုသည် မတ်လ ၁၆ ရက်နေ့ထိဖြစ်သည်။

မွန်ပြည်နယ်တွင် အထကကျောင်း ၉၂ ကျောင်း၊ အထက (ခွဲ) ၆၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်း စုစုပေါင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်ကျောင်း ၁၆၇ ကျောင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စာရင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသူ/သား ၂၀၇၀၀ ဦးကျော်ရှိခဲ့ကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာရင်းရှိ ကျောင်းသူ/သား ၂၄၁၀၀ ဦးကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့ရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနေရာသို့ အောင်ချက်ကျခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစကာ ပထမနေရာပြန်လည်ရရှိလာခဲ့သည့် ပြည်နယ်ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...