တားမြစ်သည့် ကြားမှ လူထုတွေ့ဆုံပွဲတာချီလိတ်တွင် ကျင်းပ

တားမြစ်သည့် ကြားမှ လူထုတွေ့ဆုံပွဲတာချီလိတ်တွင် ကျင်းပ

တပ်မတော်မှ တားမြစ်သည့် ကြားမှ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအကြိ လူထုတွေ့ဆုံပွဲကို တာချီလိတ်မြို့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို ရပ်တန့်မပေးပါက စစ်အင်အားနဲ့ လာရောက်တားမြစ်မည်ဟု တာချီလိတ်အခြေစိုက် ခမရ ၅၂၆ က လာရောက်တား မြစ်ခဲ့ခြင်းဖြစ်သည်။

“အမိန့်ကတော့ တိုင်းမှူးအမိန့်လို့ပြောတယ်။ ဖုန်းကနေတစ်ဆင့်ဆက်လာပြီးတော့ ဒီအစည်းအဝေး ကနေ မရပ်ဘူးဆိုရင် သူတို့ စစ်အင်အားနဲ့ လာပြီးတော့ တားမယ်” ဟု RCSS/SSA ၏  တာချီလိတ်ဆက်ဆံရေးတာဝန်ခံ စိုင်းလိတ် က ပြောသည်။

ဖုန်းဆက်အကြောင်းကြားလာပြီးနောက် ခမရ ၅၂၆ က ဗိုလ်မှူးအေးကိုကို ဦးဆောင်သည့် တပ်မတော် သား ၂၀ ခန့်က ဆွေးနွေးပွဲကို မပြုလုပ်ရန် လာရောက်တားမြစ်ခဲ့သည်ဟု ရှမ်းပြည်အရှေ့ပိုင်း လူထုတွေ့ဆုံပွဲများ ဖြစ်မြောက်ရန် တာဝန်ယူဆောင်ရွက်နေသည့် စိုင်းဟန် က ယခုလိုပြောသည်။

“သူတို့က ပြောတယ် ဒီဟာက တြိဂံတိုင်းမှူးက ရပ်ပါ ဆက်မလုပ်နဲ့လို့ လာတားတာ၊ ကျနော်တို့က လည်း မေးတယ် ဘာလို့လာတားရတာလဲပေါ့၊ လာတားတဲ့ အကြောင်းအရင်း သိချင်တယ် နောက်တ ခုက လာတားတာကို စာနဲ့ပေါ့ဗျာ။ တရားဝင် ကျနော်တို့ လိုချင်တယ် အဲလိုပြောတော့ သူတို့က လည်း အထက်ကို ပြန်တင်ပြတယ်။ သူတို့ မပေးနိုင်ဘူး၊ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ကို ရပ်ပေးပါပေါ့၊ ကျနော်တို့ ရပ်လို့တော့ မရဘူး၊ ဒီဟာကတော့ အားလုံး ပြည်နယ်အစိုးရနဲ့ရော အထက်မှာလည်း ဒီကိစ္စ လုပ်မယ်ဆိုတာလည်း ခွင့်ပြုတာတို့ ရထားပြီးသားပဲပေ့ါ အဲလိုပဲပြောတယ် သူတိုဖက်ကတော့ လာတားတဲ့ အကြောင်း အရင်းကို မပြောနိုင်သေးဘူး။”

ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ရှမ်းလူမျိုးများအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲအကြို လူထုတွေ့ ဆုံပွဲ ကျင်းပရာ တာချီလိတ်၊ ပင်လုံနှင့် လားရှိုးမြို့တို့တွင် တပ်မတော်က နေရာ တိုင်းလိုလို လာရောက် တားမြစ်ခဲ့သည်ဟု RCSS/SSA က ပြောသည်။

“ဒီနေ့ကတော့ နေရာတိုင်းလိုပဲ လိုက်တားနေတယ်။ ဒီမှာလည်း သူတို့ စစ်အင်အားနဲ့ လာတားနေ တယ်။ သူတို့ပြန်လာတားရင်လည်း ကျနော်တို့က တာဝန်အရနဲ့ပဲ သူတို့လည်း တာဝန်အရပဲတား လိုက်ရတယ်။ တားခွင့်ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့  အလုပ်နဲ့ ကျနော်တို့ လုပ်သွားမှာပါ။ ဒီအတိုင်းအပေါ်မှာပဲ ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ နိုင်ငံတော်ကလည်း ခွင့်ပြုထားတယ် ဆိုတော့ပေါ့နော” ဟု စိုင်းလိတ်က ပြောသည်။

တာချီလိတ်မြို့ တွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲကို တာချီလိတ်မြို့ ဝမ်ဟောင်ရပ်ကွက် ဟောင်လိတ်ဘုန်းကြီးကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး လူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ  ၁၇ ရက်နေ့ကလည်း ပင်လုံမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းလူမျိုးများအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲကို လွယ်လင်တပ်နယ်မှူးက လာရောက် တားမြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိဟုသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တွင်ရှမ်းလူမျိုးများအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့နယ်တွင် ကျင်းပရန် ဆုံးဖြတ်ထားခဲ့ကြသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...