ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုခန်းများတွင် ငွေကြေးယူသည့် ဝန်ထမ်းများရှိပါက အရေးယူမည်

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုခန်းများတွင် ငွေကြေးယူသည့် ဝန်ထမ်းများရှိပါက အရေးယူမည်

မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုရန် သတ်မှတ်ထားသည့် နေရာများတွင် ငွေကြေးတစ်စုံတစ်ရာ တောင်းခံသည့် ဝန်ထမ်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းကပြောသည်။

လက်ရှိ ကာလတွင် ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်မှုများသော ကာလဖြစ်သည့်အလျောက် ဂေါပကလက်အောက်ရှိ တည်းခိုခန်းများတွင် ငွေကြေးပေးရပါက လာရောက်တိုင်ကြားနိုင်ကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ဂေါပက လက်အောက်ရှိ အခမဲ့ တည်းခိုဆောင်ငါးနေ ရာရှိပြီး ဆီမီးကိုးထောင်ဓမ္မာရုံ၊ သုံးထပ်ဓမ္မာရုံ၊ ပြည်စုံဓမ္မာရုံ စသည်ဖြင့် ငါးနေရာရှိကြောင်း ၎င်းထံမှ သိရသည်။

ထို့ပြင် ယင်းတောင်ပေါ်တွင် ပုဂ္ဂလိက ဟိုတယ် ၄ ခုရှိ ပြီး ယင်း ဟိုတယ်များကို ဈေးနှုန်းသတ်မှတ်ထားခြင်းမရှိဘဲ ဝန် ဆောင်မှုအရ သတ်မှတ်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ကျိုက်ထီးရိုးတောင်ပေါ်သို့ ကမ္ဘာ လှည့် ခရီးသွား ၁၂၅၅၀၀ ဦး လာရောက်လည်ပတ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ အောက် တိုဘာလအထိကမ္ဘာလှည့်ခရီးသွား ၈၇၉၁၅ ဦး လာ ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

Most read this week