RCSS နှင့် TNLA တွေ့ဆုံဆွေးနွေးမှု ရက်ရွေ့ဆိုင်း

RCSS နှင့် TNLA တွေ့ဆုံဆွေးနွေးမှု ရက်ရွေ့ဆိုင်း

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ နှစ်ဖက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းရာ လတ်တလော အခြေအနေများကြာင့် တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်နိုင်သေးကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် PSLF/TNLA ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားခူလန်း ဦးဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့သည် ပန်ဆန်း-မိုင်းလားဒေသ သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိခဲ့သော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က အဖွဲ့အစည်းအတွင်း လုပ်ငန်းများပြားနေသဖြင့် မအားလပ်နိုင် သေးကြောင်းအကြောင်းပြန်ခဲ့သည်ဟု ဖော်ပြထားသည်။

Center for Humanitarian Dialogue (HD) ခေါ် လူသားချင်းစာနာမှုဆိုုင်ရာ ဆွေးနွေးရေးအဖွဲ့မှတဆင့် ညှိနှိုင်းနေခြင်းဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုုလ်မှူး မိုုင်းအိုုက်ကျော်က ပြောသည်။

“အဓိကကတော့ ကျနော်တို့ နှစ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်နေတာကို ရပ်တန့်ဖို့ တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့က HD ကနေတစ်ဆင့် ကြားကနေပြီးတော့ ညှိနှိုင်းပေးတယ်။ ညှိနှိုင်းပေးတော့ ကျနော်တို့ဖက်ကတော့ အဆင်သင့်ဖြစ်တယ် ကျနော်တို့ တွေ့ဆုံဖို့ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားခူးလန်း မိုင်းလာဖက်ကို သွားနေပြီ သွားနေတဲ့အချိန်မှာ သူတို့ဖက်က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲရှိလို့ဆိုပြီးမှ နောက်တစ်ကြိမ်မှာ နောက်လာမယ့် လထဲမှာပဲ တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ်ဆိုပြီးမှ ပြန်ကြားလာတယ်။ တွေ့ဆုံဆွေးနွေးမှုက မဖြစ်ခဲ့ဘူး”

ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ RCSS/SSA က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်ကျင်းပရမည် ဖြစ်သဖြင့် မတွေ့ဆုံနိုင်သေးပဲ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ် နောက်ပိုင်း တွေ့ဆုံရန် ဆက်လက်ညှိနှိုင်းမည်ဟု Center of Humanitarian Dialogue-HD  မှတဆင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြောင်းပြန်လာခဲ့ပါသည်ဟု ဖော်ပြသည်။

၎င်းတို့ နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် Center of Humanitarian Dialogue-HD က  ၂၀၁၇ ခုနှစ် တစ်နှစ်လုံးနီးပါး ကြားဝင်ညှိနှိုင်းကြိုးပမ်းခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ရှမ်းပြည်တပ်မတော် RCSS ဖက်က တွေ့ဆုံရန် အသင့်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလကုန်တွင် အထူးဒေသ(၄) NDAA  မိုင်းလားမြို့၌ အမြန်ဆုံးတွေ့ဆုံနိုင်ကြောင်း HD က ၎င်းတို့ ဗဟိုဌာနချုပ်အား အကြောင်းကြားလာသည် ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ RCSS/SSA ဖက်မှ သဘောထားအား သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...