မွန်ပြည်နယ်တွင် ART ဆေး သောက်သုံးနေရသည့် ဝေဒနာရှင် ၄၇၀၀ ခန့်ရှိ

မွန်ပြည်နယ်တွင် ART ဆေး သောက်သုံးနေရသည့် ဝေဒနာရှင် ၄၇၀၀ ခန့်ရှိ
ART ဆေးသုံးစွဲပုံ(photo: Internet)
ART ဆေးသုံးစွဲပုံ(photo: Internet)

မွန်ပြည်နယ်တွင် ART ဆေး (HIV ပိုး မပြန့်ပွားစေရန် ထိန်းချုပ်သည့်ဆေး) သောက်သုံးနေရသည့် HIV ဝေဒနာရှင် ၄၇၀၀ ခန့်ရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

ART ဆေးသောက်သုံးနေရသူများထဲတွင် ရွှေ့ပြောင်းလုပ်သားသည် အများဖြစ်ပြီး ဒုတိယအများဆုံးသည် လိင်လုပ်သားများဖြစ်သည်ဟု မွန်ပြည်နယ် ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။

“မွန်ပြည်နယ်မှာ sex worker နဲ့ယှဉ်ရင် migrant worker တွေ ပိုများတယ်၊ ပြည်တွင်းရွှေ့ပြောင်းရော ပြည်ပရွှေ့ပြောင်းရော ပြည်ပမှာ မွန်မှာဆိုရင် ထိုင်းမှာ သွားအလုပ်လုပ်တဲ့လူတွေရှိတယ် ပြီးတော့ ပြည်တွင်း ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့ဘက်ကနေ သံဖြူဇရပ်တို့ ရေးတို့မှာ အလုပ်လာလုပ်ကြတဲ့သူတွေရှိတယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်တွင် ART ဆေးယူနေသူ အများဆုံးမှာ မော်လမြိုင်မြို့နယ်၊ ဒုတိယလူနာအများဆုံးမှာ ရေးမြို့နယ်နှင့် တတိယအဖြစ်အများဆုံးမှာ သထုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လူနာ ၄၇၀၀ ခန့်အတွက် ART ဆေးများကို အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများက ပေးနေသလို NGO, INGO အဖွဲ့အစည်းများကလည်း ပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က HIV ဝေဒနာရှင်အသစ် ၃၈၃ ဦး တွေ့ရှိခဲ့ရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် HIV/AIDS နှင့် ပတ်သက်ပြီး အစိုးရ ဆေးရုံ ဆေးပေးခန်းများအပြင် Care Myanmar, UNICEF, Top Centre, Marie Stopes Myanmar အစရှိသည့် NGO, INGO အဖွဲ့အစည်း ၁၂ ဖွဲ့ခန့်က လုပ်ဆောင်နေသည်ဟု သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...