မြစ်ကြီးနား-ပူတာအို လမ်း KIA စခန်း တစ်ခုကို မြန်မာအစိုးရတပ် သိမ်းပိုက်

မြစ်ကြီးနား-ပူတာအို လမ်း KIA စခန်း တစ်ခုကို မြန်မာအစိုးရတပ် သိမ်းပိုက်

မြန်မာအစိုးရတပ်က ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ မြစ်ကြီးနား-ပူတာအို လမ်း အရေးပါသည့် တပ်စခန်းတစ်ခုကို ဒီဇင်ဘာ ရ ရက်၊ ကြာသပတေးနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ပူတာအို မြို့နယ်၊ Sumpyi Yang (ဆွမ်ပီယန်) ကျေးရွာ အနီး KIA တပ်မဟာ (၁) လက်အောက် တပ်ရင်း (၇) Shing Kap Bum စခန်း ကို မွန်းလွဲ ၃ နာရီကျော်မှာ အစိုးရ ခလရ (၄၆) တပ်မှ စတင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားပြီး ညနေပိုင်းတွင် KIA ဘက် ဆုတ်ခွာ ပေးလိုက်ရသည်။

‘Shing Kap Bum စခန်းတွင် လူ အပြောင်းအလဲဖြင့် စစ် အင်အား နည်း နေချိန်’ ၎င်းကို အစိုးရတပ်မှ ‘အခွင့်ကောင်း’ ယူကာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ဘက် ပြောပါသည်။

တိုက်ပွဲနေရာသို့ အစိုးရတပ် အင်အား ဖြည့်တင်းမှု အနေဖြင့် နောက် တရက် သောကြာနေ့တွင် ပူတာအိုမြို့ဘက်မှ နောက်ထပ် တပ်ဖွဲ့များ တက်လာပြီး ယခုချိန် အင်အား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အနောက်ဘက် KIA တပ်မဟာ (၂) နယ်မြေ ဖားကန့်နှင့် တနိုင်း နှစ်မြို့နယ်တွင်လည်း နိုဝင်ဘာလ ကတည်းက အစိုးရတပ်များမှ KIA တပ်စခန်းများကို စစ်ဆင်တိုက်ခိုက်မှုများ တိုး၍ ပြုလုပ်လာခြင်းကြောင့် ဒေသတွင်း တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...