ရာဘာဒိုင်စက်ရုံများအား နေရာပြောင်းရွေ့ရန် မလွယ်ကူဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

ရာဘာဒိုင်စက်ရုံများအား နေရာပြောင်းရွေ့ရန် မလွယ်ကူဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

မွန်ပြည်နယ် မုဒုံမြို့ရှိရာဘာဝယ်ဒိုင် စက်ရုံများကို ပြည်သူများနှင့်ဝေးရာသို့ပြောင်းရွှေ့ရန်မဖြစ် နိုင်ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပသည့်၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ရေဆိုးရေညစ်ထုတ်လွှတ်မှုကြောင့် စက်ရုံပြောင်းရွှေ့ရမည်ဆိုပါက အခြားသောနေရာပြောင်း ရွှေ့မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိမှာဖြစ်သည့်အတွက် အခုတည်ဆဲ နေရာတွင်စနစ်တကျ ပြန်လည်ပြပြင်ခြင်းက ပိုမိုထိရောက်မှုရှိကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

ဝန်ကြီးချုပ်က “ ဒီစက်ရုံကို တစ်ခြားတစ်နေရာပြောင်းရွှေ့မယ်ဆိုလည်း ပြောင်းရွှေ့တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ဦးမယ်၊ တကယ်လို့ ပိတ်သိမ်းမယ်ဆိုလည်း မွန်ပြည်နယ်ရဲ့ အဓိကကျတဲ့စီးပွားရေးလုပ်ငန််းကို တုန့်ခနဲ ရပ်ဆိုင်းလိုက်ရမယ့်အခြေအနေအထိဖြစ်သွားနိုင်တဲ့အတွက် အခုလိုစနစ်တကျဖြစ်အောင် ပြန်လည်ပြုပြင်စေတာ ဖြစ်တယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများကို ခရီးသွားပြည်သူများ ကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရေး အလေးအနက်တိုက်တွန်းကြောင်းအဆိုအား ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ကျင်းပသည့်စက်တင်ဘာလ ၈ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် လွှတ်တော်မှယင်းကဲ့သို့အတည်ပြုခဲ့ပြီးဖြစ်သော်လည်း  ရာဘာအဝယ်ဒိုင်စက်ရုံများကို နေရာမပြောင်းရွေ့ဘဲ အနံ့အသက်ပျောက်အောင်ပြုလုပ်ပေးရန် မွန်ပြည်နယ်အစိုးရမှ ညွှန်ကြားခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က “ရာဘာစက်ရုံကို ရပ်နားပေးဖို့တောင်းဆိုတာမဟုတ်ဘူး၊ ပြည်သူတွေရဲ့ ခံစားချက်ကိုကြည့်ပြီး ပြည်သူ တွေနဲ့ဝေးတဲ့နေရာကို ပြောင်းရွှေ့ဖို့တောင်းဆိုတာပါ၊ ဒီစက်ရုံတွေကိုရပ်နားလိုက်မယ်ဆို မွန်ပြည်နယ်ရဲ့ အကျိုးစီးပွားကိုထိခိုက်မှာဖြစ်တဲ့အတွက် ပြောင်းရွှေ့ပေးဖို့ပဲ တောင်းဆိုရတာပါ”ဟု ဆိုသည်။

ထိုရာဘာစက်ရုံမှ ထွက်သည့်ရေဆိုးရေညစ်များက စက်ရုံဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ လမ်းသွားလမ်းလာများ စိတ်အနှောက်အယှက်ဖြစ်စေသည့်အတွက် စက်ရုံကိုလူနေပတ်ဝန်းကျင်နှင့် ဝေးသောနေရာတွင် ပြောင်းရွှေ့ပေးရန်သာ တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေါ်မြသိင်္ဂီမော်ကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နေ့တွင် အစိုးရညွှန်ကြားချက်အတိုင်း ဖူးရှင်စက်ရုံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် အနံ့ဆိုးထွက်စေသည့်ရေဆိုးတို့ကို စနစ်တကျစွန့်ပစ်နိုင်ရန် Green Myanmar ကုမ္ပဏီနှင့် ပူးပေါင်းပြီးဆောင်ရွက်နေဖြစ်ကြောင်း ဖူးရှင်ရာဘာဒိုင်မှ ဝယ်ယူရေးမန်နေဂျာ ဦးသူရက၏ ပြောပြချက်အရသိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ရာဘာအဝယ်ဒိုင် ၃၇ ခုရှိသည့်အနက်၊ မုဒုံမြို့နယ်မှာ ၁၀ ရုံရှိကြောင်း သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...