ကရင်ပြည်နယ် ဖားအံမြို့နယ် လွန်းညတောင်ခြေက ကျောက်မိုင်းထုတ် လုပ်တဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံကျေးရွာလူငယ်ခေါင်း ဆောင်တွေဟာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်ခြိမ်းခြောက်မှုခံခဲ့ရ ပါတယ်။
ရခိုင်ပြည်နယ်မှာ ဆိုင်ကယ်စီးသူဦးရေ များပြားလာနေသလို ဆိုင်ကယ်လိုင်စင် စျေးနှုန်းတွေလည်း မြင့်တက်လာနေတာကြောင့် မြင့်တက်နေတဲ့ဆိုင်ကယ် လိုင်စင်စျေးနှုန်းတွေ လျှော့ချပေးဖို့ ကျောက်ဖြူမြို့က ဆိုင်ကယ်စီးသူတွေ ဆန္ဒပြတောင်းဆိုကြပါတယ်။
စားနပ်ရိက္ခာဖြတ်တောက်ခံရတဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ရှမ်းစစ်ဘေးရှောင် ၆,၀၀၀ ကျော်ကို ကူညီထောက်ပံ့ပေးဖို့အတွက် စစ်ဘေးရှောင်ဒုက္ခသည်များကော်မတီနဲ့ ထိုင်းလူငယ်တချို့ ပူးပေါင်းပြီး ရန်ပုံငွေရှာဖွေရေးတစ်ရပ် ကျင်းပခဲ့ပါတယ်။






