Published
Monday, November 20, 2017
မြန်မာဘာသာ အစီအစဉ် (နို၀င်ဘာလ ၁၉၊ ၂၀၁၇)
ရခိုင်ပြည်နယ်က ဒီရေတော ဧက ၁ ထောင်ကျော်ကို ပုဇွန်မွေးမြူရေးကန်တွေ တည်လိုက်တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်သွားကြ တယ်လို့ ပြောကြပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ကျန်ရှိနေပြီး တင်ပြဖို့ရှိနေတဲ့ အခြေခံမူတွေရရှိဖို့ ပြင်ဆင်ချိန်တွေ လိုအပ်တာကြောင့်၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ၂၀၁၈ ခုနှစ် ပြည်ထောင်စုနေ့မှာ ကျင်းပသွားဖို့ အစိုးရကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်လွှတ်တော်ဆီ ပြီးခဲ့တဲ့ ၁၀ လအတွင်း အများပြည်သူတိုင်ကြားစာ ရောက်ရှိလာတာတွေထဲမှာ ၉၀ ရာခိုင်နှုန်းနီးပါး မြေယာပြဿနာတွေနဲ့ ပတ်သက်တာတွေဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။






