မြန်မာစစ်တပ် နှင့် KIA ၂ နေရာမှာ တိုက်ပွဲ ပြင်းထန်

မြန်မာစစ်တပ် နှင့် KIA ၂ နေရာမှာ တိုက်ပွဲ ပြင်းထန်

တိုက်ပွဲသည် မံစီမြို့ အရှေ့တောင်ပိုင်း ယမန်နှစ် ရွာသားများ စစ်ရှောင် စွန့်ပစ်သွားသည့် Bang Htan (ဘန်ထန်) ကျေးရွာတွင် နို၀င်ဘာ ၁၄ရက်နေ့ နံနက် ၁၁ နာရီကျော်မှ မွန်းလွဲ ၃ နာရီခန့် အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံအရပ်ဖက် သတင်းရပ်ကွက်က ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

၎င်း တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) နှင့် (၂၇) နယ်နိမိတ် နယ်မြေဖြစ်သောကြောင့် နှစ်ဖက်တပ်ရင်းမှ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

တပ်မတော်ဘက် မည့်သည့် တပ်ရင်းဖြစ်ကြောင်း မသိရသေး သော်လည်း သေဆုံးထိခိုက်မှု များသည် ဟု လူမှုရေးကွန်ရက် facebook သတင်းများတွင် ဖော်ပြကြသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် KIA တပ်မဟာ (၄) အောက် တပ်ရင်း (၉) MHH ပြည်သူ့စစ် တပ်ဖွဲ့ ကြား Kawng Mu (ကောင်းမိုး) ရွာဟောင်း တွင် ၂ နာရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း (၉) သတင်းရပ်ကွက် က ဆိုသည်။

Dai Maw (ဒိုင်မော်) ရွာဘက်မှ ချီတက်လာသော အင်အား ၁၅၀ ခန့်ရှိ တပ်မ ၈၈ အောက် ခမရ (၈၃၊ ၁၀၃၊ ၁၀၅) ပူးပေါင်း စစ်ကြောင်း နှင့် မွန်းလွဲ ၁ နာရီကျော်မှ ၃ နာရီထိ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်းကို မသိရသေးပါ။

ယခု အပတ်အတွင်း မြန်မာစစ်တပ်နှင့် KIA ကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် ယမန်နေ့ နှစ်နေရာမှာဖြစ်ပွားသည့် တိုက်ပွဲသည် အပြင်းထန်ဆုံး ဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...