အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကချင်လူထု တစ်ရပ်လုံးရဲ့ သဘောထားတွေ တစ်ခုတည်းဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပထမဆုံးအကြိမ် ကချင်အမျိုးသားတွေ့ဆုံဆွေးနွေးပွဲတရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ်။
ငြိမ်းချမ်းရေးကာလအတွင်း ကရင်ဌာနေဒေသခံတွေ လက်ရှိရင်ဆိုင်နေရတဲ့ မြေယာပြဿနာ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို တိုင်ပင်ဆွေး နွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး “ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲ” အစီအစဉ် တစ်ခုကို ဖားအံခရိုင်၊ လော်ခီးလာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို ပြည်နယ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး အောက်တိုဘာလ ၂၉ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ရှင်းလင်းခဲ့ပါတယ်။






