ဆွေးနွေးပွဲတွင် NCA အပစ်ရပ်လက်မှတ် မရေးထုုိးကြရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုများ ဖက်ဒရယ်ကောင်စီ UNFC မှ နိုုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ဖွဲ့စည်းထားသည့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့နှင့် NCA အပစ်ရပ်လက်မှတ်ထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ CT မှ ပဒိုု စောကွယ်ထူးဝင်း ဦးဆောင်သည့်အဖွဲ့တိုု့ တွေ့ဆုံုဆွေးနွေးနေကြခြင်းဖြစ်သည်။
သြဂုုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့် ဆွေးနွေးပွဲမှ ရရှိသည့် ရလဒ်များကိုု လာမည့် သြဂုုတ်လ ၁၂ ရက်နေ့တွင် ရန်ကုုန်မြို့၌ကျင်းပမည့် နိုုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်ရေး အစည်းအဝေး တွင် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများမှ တင်ပြသွားရန်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း သြဂုုတ်လ ၁၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး အစည်းအဝေးတွင် တင်ပြနိုုင်ရန် ပြင်ဆင်သွားမည်ဟုု သိရသည်။







