နိုင်ငံရေးမူဘောင်ပြင်ဆင်နိုုင်ရေး NCA ထိုုးသည့်အဖွဲ့နှင့် မထိုုးသည့်အဖွဲ့မှ ခေါင်းဆောင်များ ဆွေးနွေး

နိုင်ငံရေးမူဘောင်ပြင်ဆင်နိုုင်ရေး NCA ထိုုးသည့်အဖွဲ့နှင့် မထိုုးသည့်အဖွဲ့မှ ခေါင်းဆောင်များ ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
အစိုုးရနှင့် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်နိုုင်ရန် ကိစ္စ နှင့် နိုုင်ငံရေးဆွေးနွေးပွဲမူဘောင် သုံုးသပ်ပြင်ဆင်နိုုင်ရန်အတွက် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး ခေါင်းဆောင်များ ထိုုင်းနိုင်ငံ ချင်းမုုိင်မြို့တွင် သြဂုုတ်လ ၉  ရက်နေ့ ယနေ့ နံနက် ၉  နာရီက စတင်တွေ့ဆုံုဆွေးနွေးနေကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် NCA အပစ်ရပ်လက်မှတ် မရေးထုုိးကြရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုများ ဖက်ဒရယ်ကောင်စီ UNFC မှ နိုုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ဖွဲ့စည်းထားသည့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့နှင့် NCA အပစ်ရပ်လက်မှတ်ထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ CT မှ ပဒိုု စောကွယ်ထူးဝင်း ဦးဆောင်သည့်အဖွဲ့တိုု့ တွေ့ဆုံုဆွေးနွေးနေကြခြင်းဖြစ်သည်။

သြဂုုတ်လ ၁၀  ရက်နေ့အထိ ကျင်းပမည့် ဆွေးနွေးပွဲမှ ရရှိသည့် ရလဒ်များကိုု လာမည့် သြဂုုတ်လ ၁၂ ရက်နေ့တွင် ရန်ကုုန်မြို့၌ကျင်းပမည့် နိုုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်ရေး အစည်းအဝေး တွင် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများမှ တင်ပြသွားရန်ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း သြဂုုတ်လ ၁၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး အစည်းအဝေးတွင် တင်ပြနိုုင်ရန် ပြင်ဆင်သွားမည်ဟုု သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...