အစိုုးရနှင့်ဆွေးနွေးရေး UNFC ခေါင်းဆောင်များ စည်းဝေး

အစိုုးရနှင့်ဆွေးနွေးရေး UNFC ခေါင်းဆောင်များ စည်းဝေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုု၏ ဗဟိုုအလုုပ်အမှုဆောင် တိုုးချဲ့ အစည်းအဝေး ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ယနေ့စတင်ကျင်းပနေသည်။

ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမည့် ယခုုအစည်းအဝေးတွင် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ဒုုတိယအကြိမ်မြောက် ရေးဆွဲထားသည့် DPN ၏ မဟာဗျူဟာ ရှေ့လုုပ်ငန်းစဉ်အား ဆွေးနွေးအတည်ပြုရန်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် အစိုုးရနှင့် မကြာမှီ တွေ့ဆုံုဆွေးနွေးနိုုင်ရန်ကိစ္စ များကိုု အဓိက ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။

 တဆက်တည်းမှာပင် UNFC မှ နုုတ်ထွက်ခွင့်တောင်းဆိုုထားသည့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့များကိစ္စ၊ NCA တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲထားသည့် တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့၈ ဖွဲ့ နှင့် တွေ့ဆုံုဆွေးနွေးရေးကိစ္စ၊ ယခင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲထားသည့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့များ၏ ကိစ္စရပ်များကိုု ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။

ယခုုအစည်းအဝေးတွင် UNFC တပ်ပေါင်းစုုအဖွဲ့၏ အစည်းအဝေးကိုု လာရောက်လေ့လာ လိုုသူများကိစ္စနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးရန်ရှိပြီး UNFC မှ ပြုစုုထားသည့် ဖက်ဒရယ်ပြည်ထောင်စုု ဖွဲ့စည်းပုံု အခြေခံဥပဒေ မူကြမ်း ကိုုလည်း သုံုးသပ်ဆွေးနွေးသွား ရန်ရှိသည်ဟုု သိရသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးကိုု ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ် အင်ဘန်လ၊  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗုုိလ်ချုပ် စိုုင်းထူး ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ အေဘယ်တွီ ၊ မွန်ပြည်သစ်ပါတီNMSP ဥက္ကဋ္ဌ နိုုင်ထောမွန် ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် နှင့် လားဟူဒီမိုကရက် တစ်ပါတီLDP ၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်ပြီး  မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့မှ ကိုုယ်စားလှယ် ပါ၀င်တက်ရောက်ခြင်း မရှိဟုု သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...