ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမည့် ယခုုအစည်းအဝေးတွင် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ဒုုတိယအကြိမ်မြောက် ရေးဆွဲထားသည့် DPN ၏ မဟာဗျူဟာ ရှေ့လုုပ်ငန်းစဉ်အား ဆွေးနွေးအတည်ပြုရန်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် အစိုုးရနှင့် မကြာမှီ တွေ့ဆုံုဆွေးနွေးနိုုင်ရန်ကိစ္စ များကိုု အဓိက ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။
တဆက်တည်းမှာပင် UNFC မှ နုုတ်ထွက်ခွင့်တောင်းဆိုုထားသည့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့များကိစ္စ၊ NCA တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲထားသည့် တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့၈ ဖွဲ့ နှင့် တွေ့ဆုံုဆွေးနွေးရေးကိစ္စ၊ ယခင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲထားသည့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့များ၏ ကိစ္စရပ်များကိုု ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။
ယခုုအစည်းအဝေးတွင် UNFC တပ်ပေါင်းစုုအဖွဲ့၏ အစည်းအဝေးကိုု လာရောက်လေ့လာ လိုုသူများကိစ္စနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးရန်ရှိပြီး UNFC မှ ပြုစုုထားသည့် ဖက်ဒရယ်ပြည်ထောင်စုု ဖွဲ့စည်းပုံု အခြေခံဥပဒေ မူကြမ်း ကိုုလည်း သုံုးသပ်ဆွေးနွေးသွား ရန်ရှိသည်ဟုု သိရသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးကိုု ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ် အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗုုိလ်ချုပ် စိုုင်းထူး ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ အေဘယ်တွီ ၊ မွန်ပြည်သစ်ပါတီNMSP ဥက္ကဋ္ဌ နိုုင်ထောမွန် ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် နှင့် လားဟူဒီမိုကရက် တစ်ပါတီLDP ၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့မှ ကိုုယ်စားလှယ် ပါ၀င်တက်ရောက်ခြင်း မရှိဟုု သိရသည်။







