တနင်္သာရီတိုင်းဒသကြီးအတွင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ရာ မဲပေးခွင့်ရှိသူ တစ်သိန်းကျော် တိုးလာ

တနင်္သာရီတိုင်းဒသကြီးအတွင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ရာ မဲပေးခွင့်ရှိသူ တစ်သိန်းကျော် တိုးလာ
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲစာရင်းထုတ်ပြန်ရာတွင် ပထမအကြိမ်ထုတ်ပြန်မှုထက် လူဦးရေတစ်သိန်းနီးပါးတိုး လာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။ ပထမအကြိမ်အခြေခံ မဲစာရင်းထုတ်ပြန်ရာတွင် မဲပေးနိုင်ခွင့်ဦးရေ ရှစ်သိန်းခွဲသာရှိခဲ့သော်လည်း ယခုဒုတိယအကြိမ်ကောက်ခံရာတွင် မဲပေးနိုင်မည့်လူဦးရေ ကိုးသိန်းခွဲခန့်ဖြစ်လာသည်ဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲဆိုင်ရာကော်မရှင်မှ တာဝန်ရှိသူ ဦးထိန်းလင်းဦးကပြောသည်။

" ပထမကြိမ် ထုတ်ပြန်ခဲ့တုန်းကကြံုတွေ့ ခဲ့ရတဲ့ အခက်အခဲ အတွေ့အကြံုတွေပေါ်မူတည်ပြီး သေချာအောင်ကောက်ယူပြီးမှ ထုတ်ပြန်တာပါ " ဟု ဦးထိန်လင်းဦးကပြောသည်။

တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပထမအကြိမ်တွင် လိုက်လံစစ်ဆေးခြင်းပြုလုပ်ခဲ့သော်လည်း မဲစာရင်းမှားယွင်းခြင်း သေဆုံးသူစာရင်းများနှင့် အမည်မပါရှိခြင်း အစရှိသည့် မှားယွင်းမှုများကြောင့် ဒုတိယအကြိမ်မဲ စာရင်းထုတ်ပြန်မှုအပေါ် စာရင်းလိုက်လံတိုက်စစ်ခြင်းမပြုလုပ်တော့ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထားဝယ်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်မှ"ရွေးကောက်ပွဲသာပြီးသွားမယ်။ မဲစာရင်းကဘယ်တော့မှမှန်မှာ မဟုတ်ဘူး။  ကျွန်တော်တို့လဲလိုက်မကြည့်နိုင်တော့ဘူး"ဟု ထုတ်ပြန်ချက်အပေါ်သုံးသပ်ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ မဲပေးခွင့်ရှိသော မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရပ်/ကျေးရွာပေါင်း ၃၄၀တွင် မဲပေးခွင့်ရှိသူဦးရေး ၉၈၂၉၆၅ ဦး ရှိပြီး မဲရုံပေါင်း ၁၁၇၀ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းသိရသည်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...