" ပထမကြိမ် ထုတ်ပြန်ခဲ့တုန်းကကြံုတွေ့ ခဲ့ရတဲ့ အခက်အခဲ အတွေ့အကြံုတွေပေါ်မူတည်ပြီး သေချာအောင်ကောက်ယူပြီးမှ ထုတ်ပြန်တာပါ " ဟု ဦးထိန်လင်းဦးကပြောသည်။
တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပထမအကြိမ်တွင် လိုက်လံစစ်ဆေးခြင်းပြုလုပ်ခဲ့သော်လည်း မဲစာရင်းမှားယွင်းခြင်း သေဆုံးသူစာရင်းများနှင့် အမည်မပါရှိခြင်း အစရှိသည့် မှားယွင်းမှုများကြောင့် ဒုတိယအကြိမ်မဲ စာရင်းထုတ်ပြန်မှုအပေါ် စာရင်းလိုက်လံတိုက်စစ်ခြင်းမပြုလုပ်တော့ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထားဝယ်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်မှ"ရွေးကောက်ပွဲသာပြီးသွားမယ်။ မဲစာရင်းကဘယ်တော့မှမှန်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လဲလိုက်မကြည့်နိုင်တော့ဘူး"ဟု ထုတ်ပြန်ချက်အပေါ်သုံးသပ်ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ မဲပေးခွင့်ရှိသော မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရပ်/ကျေးရွာပေါင်း ၃၄၀တွင် မဲပေးခွင့်ရှိသူဦးရေး ၉၈၂၉၆၅ ဦး ရှိပြီး မဲရုံပေါင်း ၁၁၇၀ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းသိရသည်။





