လက်ရှိအစိုးရသက်တမ်းတလျှောက်တွင် ပြောင်းလဲမှုများအနေဖြင့်သိသာစွာပြောင်းလဲခြင်းမရှိသည့်အပြင် ဒေသတွင်းငြိမ်းချမ်းရေးကိုလည်းဖော်ဆောင်နိုင်ခြင်းမရှိသေးသောကြောင့် ပီပြင်စွာပြောင်းလဲနိုင်မည်ဟု ယူဆသောပါတီကိုသာထောက်ခံလျှက်ရှိကြသည်။
"တိုင်းဒေသကြီးလွှတ်တော်မှာတော့အမတို့နိုင်ချင်တာပဲလေ ဒီမိုကရက်တစ်အစိုးရတက်လာဖို့ု NLDပါတီကိုအမတို့လဲ အားပေးပါတယ်။ လုပ်ပေါ့ တကယ့်အပြောင်းလဲတခုကိုသူတို့လုပ်နိုင်လိမ့်မယ်"ဟု ၄င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမြို့နယ်လေးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိမဲဆွယ်စည်းရုံးရာတွင်အခက်ခဲမရှိကြောင်း သိရသည်။ သို့သော် ဝေးလံသောရွာများနှင့် မဲရုံအနေထားကွာဝေးမှုကြောင့် မသွားရောက်နိုင်ခြင်းနှင့် မဲလာပေးမည့်သူများ အတွက် လာရောက်မဲပေးနိုင်ခြင်းမရှိမည်ကိုသာစိုးရိမ်လျှက်ရှိကြောင်း၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးခင်မောင်အေးကပြောသည်။
" မဲနိုင်ဖို့က ရာနှုန်းပြည့်နီးပါးရှိတယ်လို့ယုံကြည်တယ်။ နိုင်ခဲ့မယ်ဆိုရင် ဒေသတွင်း ဖွံဖြိုးတိုးတက် အောင်အဓိကထားလုပ်သွားမယ် "ဟု ဦးခင်မောင်အေးက လက်ရှိ ၄င်းတို့ပါတီအနေထားနှင့် ပဋိပက္ခ ဖြစ်လာမည့်အနေထားမရှိပဲ မဲစာရင်းတိကျစွာ ထွက်လာမည်ကို မျှော်လင့် ထားကြောင်းပြောသည်။
တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်းငြိမ်းချမ်းရန် လိုအပ်သောကြောင့် အပစ်ခတ်ရပ်စဲ ရေး လက်မှတ်ရေး ထိုး နိုင်ရန်မှာ လွန်စွာအရေးကြီး နေကြောင်းသိရသည်။
" မဲတော့မကွဲပါဘူး အကုန်လုံးကဒီမိုကရက်တစ်တွေချည်းပဲ အပစ်ခတ်ရပ်ဆဲတာကိုဖြစ်စေချင်တယ်။ တရားမျှတသည့်ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု နည်းပါးသော်လည်း အမှန်တကယ် ပြောင်းလဲမှုတစ်ခုကို သာလိုလားလျှက်ရှိကြောင်း ဒေါ်နွယ်နီဝင်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးမှာ ယခင်ကအညိုရောင်နယ်မြေဖြစ်ခဲ့ပြီး ကရင်နှင့်မွန်လက်နက်ကိုင်အဖွဲ့များရှိခဲ့သည်။ သို့သော် လက်နက်ကိုင်များအနေဖြင့် ယခုချိန်ထိ တနင်္သာရီ-ထားဝယ်ကားလမ်းပေါ်တွင် ရှိနေကြောင်း သိရသည်။
နိုဝင်ဘာ ၈ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ခုရှိပြီး အဆိုပါ ပါတီများမှာ- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ထားဝယ်တိုင်းရင်း သားများပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဖြစ်သည်။





