အမှန်တကယ် ပြောင်းလဲမည့် အစိုးရသစ်ကိုသာ လိုအပ်ကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီဆုုိ

အမှန်တကယ် ပြောင်းလဲမည့် အစိုးရသစ်ကိုသာ လိုအပ်ကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီဆုုိ
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး ၊ BNI ရွေးကောက်ပွဲ သတင်းခန်း — တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မဲဆန္ဒနယ် အတွင်း၌သာ အာဏာရရန်သာရည်ရွယ်ပြီး တကယ့်တိုးတက် ပြောင်းလဲမှုဖြစ်ပေါ်စေမည့် အစိုးရသစ်တက်လာစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDကို အားပေးကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီမှ အတွင်းရေးမှုး ဒေါ်နွယ်နီသိန်းကပြောသည်။

လက်ရှိအစိုးရသက်တမ်းတလျှောက်တွင် ပြောင်းလဲမှုများအနေဖြင့်သိသာစွာပြောင်းလဲခြင်းမရှိသည့်အပြင် ဒေသတွင်းငြိမ်းချမ်းရေးကိုလည်းဖော်ဆောင်နိုင်ခြင်းမရှိသေးသောကြောင့် ပီပြင်စွာပြောင်းလဲနိုင်မည်ဟု ယူဆသောပါတီကိုသာထောက်ခံလျှက်ရှိကြသည်။

"တိုင်းဒေသကြီးလွှတ်တော်မှာတော့အမတို့နိုင်ချင်တာပဲလေ ဒီမိုကရက်တစ်အစိုးရတက်လာဖို့ု NLDပါတီကိုအမတို့လဲ အားပေးပါတယ်။ လုပ်ပေါ့ တကယ့်အပြောင်းလဲတခုကိုသူတို့လုပ်နိုင်လိမ့်မယ်"ဟု ၄င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမြို့နယ်လေးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိမဲဆွယ်စည်းရုံးရာတွင်အခက်ခဲမရှိကြောင်း သိရသည်။ သို့သော် ဝေးလံသောရွာများနှင့် မဲရုံအနေထားကွာဝေးမှုကြောင့် မသွားရောက်နိုင်ခြင်းနှင့် မဲလာပေးမည့်သူများ အတွက် လာရောက်မဲပေးနိုင်ခြင်းမရှိမည်ကိုသာစိုးရိမ်လျှက်ရှိကြောင်း၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးခင်မောင်အေးကပြောသည်။

" မဲနိုင်ဖို့က ရာနှုန်းပြည့်နီးပါးရှိတယ်လို့ယုံကြည်တယ်။ နိုင်ခဲ့မယ်ဆိုရင် ဒေသတွင်း ဖွံဖြိုးတိုးတက် အောင်အဓိကထားလုပ်သွားမယ် "ဟု ဦးခင်မောင်အေးက လက်ရှိ ၄င်းတို့ပါတီအနေထားနှင့် ပဋိပက္ခ ဖြစ်လာမည့်အနေထားမရှိပဲ မဲစာရင်းတိကျစွာ ထွက်လာမည်ကို မျှော်လင့် ထားကြောင်းပြောသည်။

တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်းငြိမ်းချမ်းရန် လိုအပ်သောကြောင့် အပစ်ခတ်ရပ်စဲ ရေး လက်မှတ်ရေး ထိုး နိုင်ရန်မှာ လွန်စွာအရေးကြီး နေကြောင်းသိရသည်။

" မဲတော့မကွဲပါဘူး အကုန်လုံးကဒီမိုကရက်တစ်တွေချည်းပဲ အပစ်ခတ်ရပ်ဆဲတာကိုဖြစ်စေချင်တယ်။ တရားမျှတသည့်ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု နည်းပါးသော်လည်း အမှန်တကယ် ပြောင်းလဲမှုတစ်ခုကို သာလိုလားလျှက်ရှိကြောင်း ဒေါ်နွယ်နီဝင်းကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးမှာ ယခင်ကအညိုရောင်နယ်မြေဖြစ်ခဲ့ပြီး ကရင်နှင့်မွန်လက်နက်ကိုင်အဖွဲ့များရှိခဲ့သည်။ သို့သော် လက်နက်ကိုင်များအနေဖြင့် ယခုချိန်ထိ တနင်္သာရီ-ထားဝယ်ကားလမ်းပေါ်တွင် ရှိနေကြောင်း သိရသည်။

နိုဝင်ဘာ ၈ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ခုရှိပြီး  အဆိုပါ ပါတီများမှာ- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ထားဝယ်တိုင်းရင်း သားများပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဖြစ်သည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...