ရွေးကောက်ပွဲနေ့၌ ကြီးမားတဲ့ ပဋိပက္ခမဖြစ်နိုင်ဟု ပြည်နယ်ဒုရဲမှူးကြီးပြော

ရွေးကောက်ပွဲနေ့၌ ကြီးမားတဲ့ ပဋိပက္ခမဖြစ်နိုင်ဟု ပြည်နယ်ဒုရဲမှူးကြီးပြော
စအိုင်စူး — ရက်ပိုင်းအတွင်း ကျင်းပတော့မည့်အထွေထွေရွေးကောက်ပွဲနေ့၌ ကရင်ပြည်နယ်အတွင်း ကြီးမာတဲ့ ပဋိပက္ခများ ဖြစ်လာနိုင်ဖွယ်အကြောင်းမရှိဘူးဟု ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦးက အောက်တိုဘာ ၃၁ရက်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောခဲ့သည်။

၎င်းက “ပဋိပက္ခက ကျွန်တော်တို့ကရင်ပြည်နယ်မှာ ကြီးကြီးမားမားဖြစ်စရာမရှိပါဘူး။ ဒါကိုတော့ ကျွန်တော်တို့ ကြိုတင်ခန့် မှန်းလို့ရပါတယ်။ ကျွန်တော်တို့ရဲ့လူနေအိမ်ခြေသိပ်သည်းမှုတွေ၊ မြို့ရွာရဲ့အခြေအနေတွေပါတီ တွေရဲ့အခြေအနေတွေ ဒါတွေက တစ်ခြားနေရာထက်စာရင် ဖြစ်နိုင်ချေ အများကြီးနည်းပါတယ် ״ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေး ထိုးထားပြီးဖြစ်သောကြောင့် ဒေသအားလုံးနီးပါး စိုးရိမ်စရာမရှိပဲ ၎င်းထဲမှ တစ်စိတ် တစ်ဒေသ ခွဲပြီး သဘောထား မတိုက်ဆိုင်သည့် အဖွဲ့ငယ်များရှိသောနေရာ ဒေသများ၌ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦး ကဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအထူးလုံခြုံရေးအတွက် တစ်ပြည်နယ်လုံး၏ မြို့နယ် ရမြို့ရှိ မဲရုံပေါင်း ၆၅၆ရုံအတွက် အထူးရဲ ၆၅၆ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး ဖားအံမြို့နယ်၌ ၂၀၅ဦး၊ လှိုင်းဘွဲမြို့နယ်၌၁၂၂ဦး၊ သံတောင်ကြီးမြို့နယ်၌ ၉၉ဦး ကော့ကရိတ်မြို့ နယ်၌  ၅၈ဦး ၊ ကြာအင်ဆိပ်ကြီးမြို့နယ်၌  ၅၄ဦးနှင့် မြဝတီ၌ ၅၁ဦး ခန့်အပ်သွားမည်ဟု ကရင်ပြည်နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှသိရသည်။

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသည့် ပြည်သူများယုံကြည်ရသောရွေးကောက်ပွဲ ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့-PACE မှ စောထက်ဝေယံကျော်က “ကရင်ပြည်နယ်အနေအထား နဲ့တော့ ပဋိပက္ခရှိဖို့နည်းပါတယ်။ ဘာဖြစ်လဲဆိုတော့ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်မှာလည်းပဲ သူ့ပါတီနဲ့သူ မဲဆွယ်စည်းရုံး နေကြတာ ဘာပြဿနာမှမရှိဘူးလေ။ နောက်ပြီး ကော်မရှင်ပြောထားတာက  အောက်ခြေကအဆင်ပြေမှမဲရုံဖွင့်ဖို့သူတို့ပြောတာကိုး အပေါ်ကချပေးတာမျိုးမဟုတ်ဘူးဆိုတော့ ကျနော် ထင်တယ် ကြီးမားတဲ့ ပဋိပက္ခမဖြစ်လာနိုင်ပါဘူး״ ဟု BNI သတင်းခန်းသို့ ယနေ့တွင်ပြေသည်။

ယခုလ ၈ရက်ရွေးကောက်ပွဲနေ့အတွက် ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲများကို အောက်တိုဘာလ အတွင်းကစတင်ကာ သင်တန်းများပို့ချပေးခဲ့ပြီး မဲရုံတစ်ရုံ၌ အထူးရဲတစ်ဦးနှင့်အတူ အရံမီးသတ်တပ်ဖွဲ့ ၄ဦးပါဝင်လုံခြုံရေးတာဝန် ယူမည်ဖြစ်ပြီး ပဋိပက္ခတစ်စုံတစ်ရာဖြစ်လာပါက အင်အား သုံးဖြိုခွဲရန် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရဲတပ်ရင်း)များကိုပါ အလုံအလောက် ဖြန့်ချဲ့သွားမည်ဟုလည်းသိရသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...