“ကျောက်တော်မြို့နယ်မှာဆိုရင် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် တစ်နေရာပါ။ မြောက်ဦးမြို့ နယ်မှာဆိုရင် ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ အမျိုးသားလွှတ်တော်တစ်နေရာ စုစုပေါင်း ၄ နေရာ ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်”ဟု ဦးဌေးဝင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
မြိုအမျိုးသားဒီမိုကရေစီပါတီ၏ မူဝါဒများမှာ ဒီမိုကရေစီကို ဦးတည်နေသည့်အတွက် ရခိုင်ပြည်နယ်တွင် ရှိနေသည့် ဒီမိုကရေးစီကိုဦး တည်နေသော မည်သည့်နိုင်ငံရေးများနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကဦးတည်ထားကာ မျိုးဆက်သစ်လူငယ်များကို လက်တွဲ ခေါ်ဆောင် သွားမည်တို့ ဖြစ်သည်ဟု သိရသည်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စက်တင်ဘာလ ၁၂ ခန့်က စတင်လုပ်ဆောင်ခဲ့ပြီး ပီချောင်းဘက်နှင့် ကျောက်တော်မြို့နယ် အနောက်ဘက်ဒေသများတွင် ပြုလုပ်ပြီးသွားပြီ ဖြစ်ကာ၊ မိန်းချောင်းဘက်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု သိရသည်။
မြိုအမျိုးသားဒီမိုကရေစီပါတီကို မြိုတိုင်းရင်းသားများ ထောက်ခံမှုပိုမိုအားကောင်းလာပြီး အမျိုးသား လွှတ်တော်နေရာများကို အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျောက်တော်မြို့နယ်၌ အနိုင်ရအောင် အားခဲ ဆောင်ရွက်နေသည်ဟု သိရသည်။
“ကျွန်တော်တို့ရဲ့ မြိုတိုင်းရင်းသားတွေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် မှာကြားချင်တာကတော့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေနဲ့ တစ်တတန်းတည်းရှိနေပါတယ်လို့ ပြောချင်ပါတယ်”ဟု အတွင်းရေးမှူး ဦးဌေးဝင်းကပြောသည်။
မြိုတိုင်းရင်းသားများသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် လေးမြို့ချောင်းဒေသများတွင် ပြန့်ကြဲနေထိုင်လျက်ရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းဝန်းကျင်ရှိသည်ဟု သိရသည်။




