“ဒုတိယအကြိမ်မဲစာရင်းကျေညာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးက မဲစာရင်းကို သူ့အိမ်ထဲမှာ ကပ်တယ်ဗျာ။ လာကြည့်တဲ့ ရွာသားတွေကို ဘာပြောလဲဆိုတော့ မဲစာရင်းထဲမှာ မှားနေတာတွေကို ပြောရဲတဲ့သူတွေ စောတကတက်ကြည့်စမ်းပါ”ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုနေသည်ဟု အဆိုပါရွာသားကပြောသည်။
ယင်းသို့ပြောဆိုနေသည့်အတွက် ရွာသားများက မဲစာရင်းကို သွားမကြည့်ရဲကြကြောင်း၊ မဲစာရင်းသည် ရွေးကောက်ပွဲကော်မရှင်နှင့်သက် ဆိုင်သောကြောင့် ရွေးကောက်ပွဲကော်မရှင်အိမ်ဖြစ်ဖြစ်၊ အများမြင်သာသည့်၊ အများသွားရောက်နိုင်သည့် နေရာတစ်ခုတွင် ကပ်ပေးဖို့တောင်းဆိုသော်လည်း လက်မခံဟု သိရသည်။
မဲစာရင်းအမှားပြင်ဆင်ရမည့် နောက်ဆုံးနေ့မှာ စက်တင်ဘာလ ၂၇ ရက်ဖြစ်သဖြင့် မဲစာရင်းတွင် မိမိနာမည်မပါပဲ မဲစာရင်းမှား၍ မဲမထည့်လိုက်ရမည်ကို ရွာသားများ စိုးရိမ်နေကြသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ ကျေးရွာသားများက တိုင်ကြားထားသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးအား အထက်မှ တစ်စုံတရာ ပြောဆိုမှု၊ အရေးယူမှု မရှိသေးဟု ကျေးရွာဒေသခံများထံမှသိရသည်။




