တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် နိုင်ငံတော်ဒုသမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း

တောင်ပိုင်းဒေသသို့ မလာရောက်သဖြင့် နိုင်ငံတော်ဒုသမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်အပေါ် ချင်းပြည်နယ်တောင်ပိုင်းဒေသခံများမှ ၀မ်းနည်း
by -
ချင်းဝေါလ်
နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန််ထီးယူ (Pu Henry Van Thio) သည် ချင်းပြည်နယ်ခရီးစဉ်အား ဖေဖော်ဝါရီ ပထမပတ်တွင် ပြုလုပ်ခဲ့ရာ၊ ချင်းပြည်နယ်တောင်ပိုင်းမှ ဒေသခံများမှ ချင်းပြည်နယ်တောင်ပိုင်းသို့ မလာရောက်သဖြင့် ၀မ်းနည်းကြောင်း ပြောကြသည်။

ဒုသမ္မတသည် ချင်းပြည်နယ်ခရီးစဉ်အတွင်းတွင် မြောက်ပိုင်းရှိ မြို့ (၅) မြို့ဖြစ်သော တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ဒုသမ္မတ တောင်ပိုင်းဖက်ကိို မလာနိုင်တာ အခြေအနေ အများကြီး နဲ့ အခက်အခဲတွေ အများကြီးရှိနေမှာပါ၊ ဘယ်လူကြီးခရီးစဉ်ဖြစ်ဖြစ် ချင်းပြည်နယ်ဆိုရင် မြောက်ပိုင်းမြို့ တခု၊ နှစ်ခုနဲ့ ပြီးသွားလေ့ရှိရှိနေတယ်။ ဒါ ၀မ်းနည်းစရာပါ။ ဒါပေမဲ့ ချင်းတိုင်းရင်းသားတွေမှာ မြောက်ပိုင်းချင်းနဲ့ တောင်ပိုင်းချင်း ဆိုပြီး ပြောပြောနေကြတဲ့ အချိန်မှာ  တောင်ပိုင်းမြို့တွေမှာ မလာဖြစ်တော့ တောင်ပိုင်းမြောက်ပိုင်းနဲ့ တောင်ပိုင်းကို အလိုလိုခွဲခြားသလို ဖြစ်နေတယ်” ဟု မင်းတပ်အရပ်ဖက် လူမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။

“မြောက်ပိုင်းဖက်မှာတော့ သွားပြီး၊ တောင်ပိုင်းဖက်မှာ မလာတာကတော့ လုံးဝမဖြစ်သင့်ဘူး၊ အမှန်ဆိုရင်တောင်ပိုင်းဖက်ကို ဦးစားပေးပြီးလာသင့်တယ်၊မြောက်ပိုင်းက တောင်ပိုင်းထက် ဖွံဖြိုးရေးပိုင်းမှာ အများကြီးသာပြီးသားပါ။ချင်လူကြီးတွေမှာ ခုထိ တောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားမှုရှိနေဆဲပါ၊ လာချင်ရင်ဘယ်လောက်မှ မကြာပါဘူး၊ ဘာအခက်အခဲမှလည်း မရှိပါဘူး၊ ကျတော်ကတော့ ဒီလိုပဲမြင်ပါတယ်” ဟု မြန်မာနိုင်ငံလုံဆိုင်ရာ ချင်းကျောင်းသားသမ္မဂ အထွေထွေ အတွင်းရေးမှူး ဆလိုင်းထန်းလွန်းမှ သူ၏ အမြင်ကို ပြောသည်။

ကန်ပက်လက်အရပ်ဖက်လူမှုကွန်ယက်တာဝန်ခံ ဆလိုင်းမင်းညိုမှလည်း  ” ကျတော်တို့ ကန်ပက်လက်မှာလည်း ဒုသမ္မတလာမယ်ဆိုတော့ ဒေသခံတွေအားလုံးပျော်ကြတယ်လေ၊ ပြီးတော့ ရိုးရာဝတ်စုံအပြည့်နဲ့ အားလုံးကကြိုဆိုကြတယ်၊ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်တော့ မတတ်နိုင်််ဘူးပေါ့ ၊ ကျနော့ အနေနဲ့ ဒီကိစ္စကို ပြောဖို့ အချိန်စောပါသေးတယ်၊ အချိန်ကျလာရင်တော့ ပြောသင့်တာပြောရမှာပေါ့” ဟု သူ၏ အမြင််ကို ပြောသည်။

“NLD အစိုးရတက်ပြီးကတည်းက မင်းတပ်ကို မေ့နေကြတာပါ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် ဒီချင်းပြည်နယ်တောင်ပိုင်းကို မလာဖြစ်တော့တဲ့ အတွက် ဒုသမ္မတ မလာဖြစ်တာတော့ ဘယ်လိုမှ မထင်တော့ပါဘူး၊ အကြောင်းမရှိလို့မလာဖြစ်တာလား၊ ဘာကြောင့်လဲဆိုတာမသိပါဘူး၊ အခုမင်းတပ်မှာ မဟာဓါတ်အားလိုင်းရတယ်ဆိုတာကလည်း မလာတစ်ချက်လာတစ်ချက်ပဲ၊ ဒါတောင် အရင်အစိုးရရဲ့ စီမံချက်ကို ပြန်လည် မွမ်းမံတဲ့ သဘောလို့ပဲ ကျနော်မြင်ပါတယ်”ဟု ချင်းလူငယ်အဖွဲ့ (CYO) Chin Youth Organization မှ အတွင်းရေးမှူး ဆလိုင်းကီးဟုန်းမှလည်း ပြောသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...