ဒေသခံလူထုနှင့် ဆက်သွယ်ရေးအဆင်ပြေရန်အတွက် မင်းတပ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များ ချင်းဘာသာစကား သင်ယူလျက်ရှိ

ဒေသခံလူထုနှင့် ဆက်သွယ်ရေးအဆင်ပြေရန်အတွက် မင်းတပ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များ ချင်းဘာသာစကား သင်ယူလျက်ရှိ
by -
ချင်းဝေါလ်
ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ရဲဝန်ထမ်းများသည် ဒေသခံပြည်သူလူထုနှင့် ဘာသာစကားဆက်သွယ်မှု လွယ်ကူကောင်းမွန်လာစေရန်အတွက် ချင်းဘာသာစကားအား သင်ယူမှု စတင်လျက်ရှိသည်ဟု သိရသည်။

ချိုးစာပေကော်မတီအဖွဲ့ဝင်ဖြစ်သော ဆလိုင်းအွမ်ပိုင်းမှ ” ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဒီဒေသခံချင်းဘာသာစကားကို သင်ကြားမယ်ဆိုပြီး ခရိုင်ရဲမှူးဆီကနေ သိရပါတယ်။ ချင်းပြည်နယ် တခြားမြို့တွေမှာလည်း သူတို့မြို့ရဲ့ ချင်းစကားတွေကို ပို့ချသွားမယ်လို့ သိရတယ်။ မင်းတပ်မှာတော့ K’Cho (ချိုး) ချင်းဘာသာစကားကို ပို့ချသွားမယ်။ ဒီလိုလုပ်တဲ့အတွက် တာဝန်ထမ်းဆောင်တဲ့ ရဲဝန်ထမ်းတွေက အမှုလိုက်တဲ့အခါဖြစ်ဖြစ်၊ စကားပြောတဲ့အခါမှဖြစ်ဖြစ် အခုထက်ပိုပြီး တိုက်ရိုက် ဆက်သွယ်လာနိုင်မယ်။ ဒီလိုသင်ကြား ပို့ချတဲ့ ရည်ရွယ်ချက်ကောင်းပါတယ်” ဟု ပြောသည်။

ထို ချိုးချင်းစာပေသင်ကြားမှုအား ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ (၁၄) အထိ၊ တနေ့လျှင် ၁နာရီခွဲနှုန်းဖြင့် သင်ကြားသွားမည်ဟု သိရသည်။

မင်းတပ်မြို့ အခြေစိုက် ရဲဝန်ထမ်းပေါင်း (၃၀) မှ တက်ရောက်လျှက်ရှိသည်ဟုလည်း သိရသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...