လာမည့် MNL ဘောလုံးရာသီတွင် ချင်းယူနိုက်တက်အသင်း ကျပ်သိန်း၄၀၀၀အသုံးပြုမည်

လာမည့် MNL ဘောလုံးရာသီတွင် ချင်းယူနိုက်တက်အသင်း ကျပ်သိန်း၄၀၀၀အသုံးပြုမည်
by -
ချင်းဝေါလ်
မြန်မာနေရှင်နယ်လိဒ်တွင်ယှဉ်ပြိုင်ကစားနေသော ချင်းယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှု များရရှိရန် လာမည့်ရာသီသစ်တွင် ပြည်တွင်း ပြည်ပ ကစားသမားများ ကို ခေါ်ယူအားဖြည့်ပြီး အသင်းအသုံးစရိတ်အဖြစ် ကျပ်သိန်း၄၀၀၀ အသုံးပြုမည်ဟု အသင်းပိုင်ရှင်မှပြောသည်။

cufc 300x200ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့အသင်းက သိန်း၄၀၀၀ နီးပါးအသုံးပြုခဲ့တယ်။ အခုလာမယ့်ရာသီသစ် မှာလည်း လက်ရှိထက်မလျော့တဲ့ သိန်း၄၀၀၀နီးပါး ကိုအသုံးပြုသွားမည်’’ဟု ချင်းယူနိုက်တက်အသင်းပိုင်ရှင် ဒေါက်တာဂျိမ်းလျှန်ဆိုင်းမှ ပြောသည်။

လက်ရှိတွင် ချင်းယူနိုက်တက်အသင်းသည် ကွင်းလယ်အတွက် နိုင်ငံခြားသားတစ်ဦးကို ခေါ်ယူစာချုပ်ချုပ်ထားပြီး Line Up တန်းကစားနိုင်မယ့် ပြည်တွင်းကစား သမား ၅ဦးကိုလည်းခေါ်ယူပြီးဖြစ်သည်ဟုသိရသည်။နောက်ထပ်ပြည်တွင်းကစားသမား၅ဦးကို ထပ်မံခေါ်ယူ မည်ဖြစ်ပြီးပြီး အသင်း တွင် ရှိသော ချင်းကစားသမား များနှင့်တွဲဖက်ကစားစေမည်ဟုသိရသည်။

ထို့အပြင် ရှမ်းယူနိုက်တက်အသင်းက ချစ်စုမိုးနှင့် ဆွန်လမန်းတို့ကို ခေါ်ယူရန်ကမ်းလှမ်းထားပြီး ချင်းယူနိုက်တက်အသင်းအနေဖြင့် တိုက်စစ်မှူး ချစ်စုမိုး ကို  သိန်း၂၀၀ပေးလျင်ခွင့်ပြုပေးမည်ဖြစ်ပြီး    တိုက်စစ်မှုးဆွန်လမန်းကိုတော့အသင်းမှထွက်ခွာစေမည် မဟုတ်ဟုဆိုသည်။

ချင်းယူနိုက်တက်အသင်းမှမြန်မာလက်ရွေးစဉ်ကစားများအဖြစ် ချစ်စုမိုး၊ဖြိုးကိုကိုသိန်း၊တလုံဟုတ်နှင် ့ဆွန်လမန် တို့ကိုမွေးထုတ်ပေးခဲ့ပြီး လက်ရှိ တွင် ဖြိုးကိုကိုသိန်းနှင့် ဆွန်လမန် တို့ သည်မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင်   ဂျာမဏီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...