ယခုအသုံးပြုနိုင်တော့မည့် GSMဖုန်းလိုင်းကို ပလက်ဝမြို့နယ်နှင့်(၄)မိုင်ပတ်လည် အတွင်းရှိသောရွာများတွင်အသုံးပြုနိင်မည်ဖြစ်သည်။ လက်ရှိ်ပလက်ဝမြို့နယ်တွင် ကမ်းရိုးတန်းဖုန်းCDMA 450/800နှစ်မျိုးကိုသာ အသုံးပြု နေရပြီးစျေးနှုန်း တန်းဖိုးမှာ ၈သောင်းခွဲနှင့် တစ်သိန်းခွဲဝန်းကျင် တန်ကြေးရှိသောကြောင့် သာမန်ပြည်သူ အများစုက ဖုန်းကိုအသုံးမပြုနိုင်ဘဲ အလုပ်အကိုင်ရှိမှသာ ဖုန်းကိုကိုင်တွယ် အသုံးပြုနိုင်သည််။
ပလက်ဝမြို့နယ်အတွင်းမှာ ယခုလက်ရှိ တာဝါတိုင်နှစ်တိုင်ကိုသာ စိုက်ထူးထားနိုင်ပြီး ဖုန်းလိုင်းလုံးဝမရှိသေးသောေ ကျးရွာအများအပြားရှိနေပြီး၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲဆုံးဖြစ်သည့်အတွက် ဖုန်းလိုင်းဆက်သွယ်မှု ကောင်းမွန် စွာပြောဆိုနိုင် ရန်ဒေသခံများမှာ မျှော်လင့်လျက်ရှိသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်မြို့နယ်အချို့တွင်သာ GSMကို သာအသုံးပြုနိုင်ပြီး၊ တချို့မြို့နယ်များတွင် MEC၊ တယ်လီနော်နှင့် အောရီဒူးဖုန်း လိုင်းများကို နေရာအချို့တွင်သာ အသုံးပြုနိုင်သေးကြောင်းသိရသည်။







