ပလက်ဝမြို့နယ်အတွင်း GSM-3G ဖုန်းလိုင်းကိုလာမည့် ဇွန်လအတွင်း စတင်အသုံးပြုနိုင်မည်ဟုသိရ

ပလက်ဝမြို့နယ်အတွင်း GSM-3G ဖုန်းလိုင်းကိုလာမည့် ဇွန်လအတွင်း စတင်အသုံးပြုနိုင်မည်ဟုသိရ
by -
ချင်းဝေါလ်
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းခရီးတစ်ခုထဲကိုသာ အဓိကအားထားနေရသော ပလက်ဝမြို့နယ်တွင်် ယခုဇွန်လတတိယပတ် မှစတင်ပြီး3G ကွန်ယက်စနစ်ပါ၀င်သော GSMဖုန်းလိုင်းများကို အသုံးပြုနိုင် တော့ မည်ဖြစ်ပြီး၊ တပ်ဆင်မည့်စက်ပစ္စည်းများမှာ ပလက်ဝမြို့နယ်ဆက်သွယ်ရေးရုံးတွင် အဆင့်သင့်ရောက်ရှိ နေပြီဖြစ်သည်ဟု ဆက်သွယ်ရေးရုံးမှတာဝန်ရှိ သူတစ်ဦးကချင်းဝေါ်မီဒီယာ ကိုပြောကြား ခဲ့သည်။

ယခုအသုံးပြုနိုင်တော့မည့် GSMဖုန်းလိုင်းကို ပလက်ဝမြို့နယ်နှင့်(၄)မိုင်ပတ်လည် အတွင်းရှိသောရွာများတွင်အသုံးပြုနိင်မည်ဖြစ်သည်။ လက်ရှိ်ပလက်ဝမြို့နယ်တွင် ကမ်းရိုးတန်းဖုန်းCDMA 450/800နှစ်မျိုးကိုသာ အသုံးပြု နေရပြီးစျေးနှုန်း တန်းဖိုးမှာ ၈သောင်းခွဲနှင့် တစ်သိန်းခွဲဝန်းကျင် တန်ကြေးရှိသောကြောင့် သာမန်ပြည်သူ အများစုက ဖုန်းကိုအသုံးမပြုနိုင်ဘဲ အလုပ်အကိုင်ရှိမှသာ ဖုန်းကိုကိုင်တွယ် အသုံးပြုနိုင်သည််။

ပလက်ဝမြို့နယ်အတွင်းမှာ ယခုလက်ရှိ တာဝါတိုင်နှစ်တိုင်ကိုသာ စိုက်ထူးထားနိုင်ပြီး ဖုန်းလိုင်းလုံးဝမရှိသေးသောေ ကျးရွာအများအပြားရှိနေပြီး၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲဆုံးဖြစ်သည့်အတွက် ဖုန်းလိုင်းဆက်သွယ်မှု ကောင်းမွန် စွာပြောဆိုနိုင် ရန်ဒေသခံများမှာ မျှော်လင့်လျက်ရှိသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်မြို့နယ်အချို့တွင်သာ GSMကို သာအသုံးပြုနိုင်ပြီး၊ တချို့မြို့နယ်များတွင် MEC၊ တယ်လီနော်နှင့် အောရီဒူးဖုန်း လိုင်းများကို နေရာအချို့တွင်သာ အသုံးပြုနိုင်သေးကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...