ချင်းပြည်နယ်၏ ရွေးကောက်ပွဲ အခြေအနေ လေ့လာတွေ့ရှိချက် အစီရင်ခံစာထုတ်ပြန်

ချင်းပြည်နယ်၏ ရွေးကောက်ပွဲ အခြေအနေ လေ့လာတွေ့ရှိချက် အစီရင်ခံစာထုတ်ပြန်
by -
ချင်းဝောလ်
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ ့တစ်ခုဖြစ်သည့် Horn Bill Organization က ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ချင်းပြည်နယ် မဲဆန္ဒရှင် (၂၇၃,၀၀၀) ကျော်ရှိသည့် အနက် မဲဆန္ဒရှင် (၉၉,၇၆၄) ဦးသာ မဲပေးနိုင်ကြောင်း ဖေါ်ပြထားသည်။

finding

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဥပဒေ၊ နည်းဥပဒေ လမ်းညွှန်ချက်များကို ရပ်ကွက် ကျေးရွာ အဆင့်အထိ အချိန်နှင့် တပြည်းညီ ရောက်ရှိနိုင်မှု အားနည်းခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ပြည်သူတွေက ဘယ်လိုမဲပေးရမလဲ။ ဘာကြောင့် မဲပေးရမလဲဆိုတာ ပြည်သူတွေက မသိကြဘူး။ နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှု ပြုလုပ်တဲ့အခါ ပြည်သူတွေအနေနဲ့ ဘာကြောင့် အဲဒီပါတီမှာ မဲပေးရမလဲ။ မိမိတို့ရဲ့တစ်ပြားကို တန်ဖိုးရှိရှိ ဘယ်လိုမဲပေးမလဲ ဆိုတာ မသိကြဘူး။ ဒါကတော့ ချင်းပြည်တပြည်နယ်ထဲ မဟုတ်ဘူး”ဟု Horn Bill Organization ဒါရိုက်တာ ဦးချန်လျန်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ အချိန်နှင့် တပြေးညီ မရရှိနိုင်သောကြောင်း၄င်း၊ မဲဆန္ဒရှင်များကိုယ်တိုင် မည်ကဲ့သို့ ကန့်ကွက်၊ ပြင်ဆင်၊ တောင်းခံရမည်ကို မလည်သောကြောင့် ၎င်း၊ အချို့ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အမှားအယွင်းရှိခဲ့ကြောင်း ယင်းအစီရင်ခံတွင် ဖေါ်ပြထားသည်။

မဲရုံအတွင်း မဲဆန္ဒမဲပေးသူ များပြားထူထပ်ခြင်း၊ လျှို့ဝှက် ဆန္ဒပြုခန်း နေရာချထားမှု မသေသပ်ခြင်း၊ မဲရုံထဲတွင် မသက်ဆိုင်သူများ ဝင်ထွက်သွားလာခြင်းတို့ကြောင့် လျှို့ဝှက်ဆန္ဒမဲ ပေးမှုဖြစ်စဉ်ကို အနှောက်အယှက် ဖြစ်စေသည့်အပြင် မဲဆန္ဒရှင်များ၏ လျှို့ဝှက်စွာ ဆန္ဒမဲပေးနိုင်မှု ဖြစ်စဉ်မှာ ယေဘုယျအားဖြင့် (၅၅.၁) ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ယင်းတို့အဖွဲ့က ရွေးကောက်ပွဲ လေ့လာတွေ့ရှိချက် နောက်ဆုံး အစီရင်ခံစာကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်ပြန်မှာဖြစ်ကြောင်း သိရသည်။

Horn Bill Organization သည် ဒီမိုကရေစီလမ်းစဉ်နှင့် ဓလေ့များထွန်းကားစေရန်၊ ဒေသတွင်း လူထုအခြေပြု အဖွဲ ့အစည်းများ အားကောင်းလာစေရန်နှင့် နိုင်ငံရေးဖြစ်စဉ်တွင် အစိုးရကို ထိန်းကျောင်းပေးသည့် အသိပညာများ တိုးပွားလာစေရန် ၂၀၁၀ ခုနှစ်ကနေ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...