ဟားခါး မီဒီယာများနှင့် အနုပညာရှင်များပေါင်းပြီး ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေ

ဟားခါး မီဒီယာများနှင့် အနုပညာရှင်များပေါင်းပြီး ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေ
by -
ချင်းဝေါလ်
ပထမဦးဆုံးအကြိမ် ဟားခါးမြို့အခြေစိုက် သတင်းမီဒီယာဌာနများနှင့် အနုပညာရှင်များပူးပေါင်းပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်သူများအတွက် ရံပုံငွေရှာဖွေရေးအစီအစဉ်ကို စက်တင်ဘာ ၂၆ ရက်နေ့နှင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးကြောင့် ဒုက္ခရောက်သူများအတွက် ရံပုံငွေရှာဖွေရေးကို ဟားခါးမြို့ Carson Hall နှင့် ထန်တလန်မြို့နယ်ခန်းမတွင် အနုပညာရှင်များ၏ ဖျော်ဖြေပွဲကျင်းပကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နှစ်ကြိမ်ဆက် ရံပုံငွေရှာဖွေရေး အစီအစဉ်အတွက် ပွဲကြည့်လက်မှတ်များရောင်းချကာ ဖျော်ဖြေပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရံပုံငွေ သန်း (၈၀) ၀န်းကျင်ရရှိခဲ့ကြကြောင်း သိရသည်။

ပွဲဖြစ်မြောက်ရေးဦးဆောင်သူ The Chinland Post အယ်ဒီတာချုပ်ဆလိုင်းသော့ခ်လိန်းထန်က “ကျွန်တော်တို့ ဟားခါးမှာ အခြေစိုက်တဲ့ The Chinland Post၊ The Hakha Post၊ The Chinland News နှင့် ခေါ်နူးသုမ်မီဒီယာတွေစုပေါင်းပြီး ဒုက္ခသည်တွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ ဆိုတာဆွေးနွေးပြီး လုပ်ဖြစ်တာပါ”ဟု ပြောသည်။

၎င်းအပြင် သူက “အနုပညာရှင်သမားတွေနဲ့ ပူးပေါင်းပြီးလုပ်မယ်လို့ တိုင်ပင်ပြီး ဖိတ်လိုက်တယ်။ သူတို့ကလည်း လိုလိုလားလားပဲ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင်ပြီး အတူလုပ်ဖြစ်တာ ဖြစ်တယ်။ အခုလို မီဒီယာနဲ့အနုပညာရှင် သမားတွေ ပူးပေါင်းပြီးလုပ်တာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။

ဖျော်ဖြေပွဲမှ ရရှိသည့်ရံပုံငွေများကို အခြားမည်သည့်အဖွဲ့အစည်းများမှတစ်ဆင့် ဒုက္ခသည်များ အားပေးမည်မဟုတ်ဘဲ ဒုက္ခသည်များ၏ အမှန်တကယ်လိုအပ်သည့် အထောက်အပံ့ကို သွားရောက် လေ့လာကာ ဟားခါးမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...