တီးတိန်မြို့ ချင်းအမျိုးသားတပ်ဦး ဆက်ဆံရေးရုံးတွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွား

တီးတိန်မြို့ ချင်းအမျိုးသားတပ်ဦး ဆက်ဆံရေးရုံးတွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွား
by -
ချင်းဝောလ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ချင်းအမျိုးသားတပ်ဦး (CNF) ဆက်ဆံရေးရုံး၌ အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာတွင် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ဗုံးပေါက်ကွဲမှုတွင် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကိစ္စအပေါ် တီးတိန်မြို့ နယ်ဆက်ဆံရေးရုံး တာဝန်ခံ ဦးမာန်နိုးက "ဘာကြောင့် လုပ်တယ်။ ဘယ်သူက လုပ်တယ်ဆိုတာ ပြောဖို့က တော်တော်လေးခက်နေတယ်။ ကျွန်တော်တို့ လည်း ရုံးမှာတော့ ညစောင့်မရှိဘူးလေ။ မနေ့ည ၁၁ နာရီ ၁၅ မိနစ် လောက်မှာတော့ ဗုံးက နှစ်ဆင့် ဆက်ပြီး ပေါက်သွားတာပေါ့။ သူတို့က နှစ်နေရာ လုပ်တာကိုး။ အပြင်ကနေ အုတ်နံရံကို ဖောက်ပြီး အဲဒီမှာ ယမ်းကို ကပ်ပြီး ထောင်ထားတာဆိုတော့ အဲဒီက ပေါက်ကွဲမှု ကနေတဆင့် အထဲကိုတော့ ဝင်တာပေါ့။ ပျက်စီးမှုတွေ နည်းနည်းပါးပါးရှိတယ်ပေါ့။ လက်လုပ်ဗုံး အမျိုးအစားပါပဲ"ဟု ပြာသည်။

တီးတိန်မြို့တွင် ဆက်ဆံရေးရုံးစတင်ဖွင့်လှစ်သည့် အချိန်ကလည်း ဒေသခံအချို့မှ ကန့်ကွက်မှုများ ရှိခဲ့ပြီး ယခုလို ချင်းအမျိုးသား ဆက်ဆံရေးရုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ ချင်းပြည်နယ်မြို့နယ် ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ရာ "ထိခိုက်မှုတော့မရှိပါဘူး။ အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတုန်းဆိုတော့ အသေးစိတ်မသိနိုင်သေး"ဟု တာဝန်ကျရဲတစ်ဦးက ပြောသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မိမိတို့၏ဆက်ဆံရေးရုံးကို ယခု ဒုတိယအကြိမ် ဗုံးကွဲမှုကို မြို့နယ်ရဲစခန်း၊ ကိုယ်တိုင်ကြားထားပြီး စရဖ၊ အထူးစုံစမ်း စစ်ဆေးရေးနှင့် မြို့နယ်အုပ်ချပ်ရေးကို အကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ည၈နာရီခွဲတွင် တစ်ကြိမ်ဗုံးပေါက် ကွဲမှုဖြစ်ပြီး၊ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ ထန်တလန် နှင့် မတူပီ စသည်တို့တွင် ဖွင့်လှစ်ထားလျှက်ရှိသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...