ရေဘေးသင့်ပြည်သူများအတွက် ဆန်လှူဒါန်းခြင်းကို ချင်းဒေသခံများ ကြိုဆို

ရေဘေးသင့်ပြည်သူများအတွက် ဆန်လှူဒါန်းခြင်းကို ချင်းဒေသခံများ ကြိုဆို
by -
ချင်းဝေါလ်
ဂျပန်အစိုးရက ချင်းပြည်နယ်အပါအဝင် ရေဘေးသင်ပြည်သူများအတွက် ဆန်လှူဒါန်းခြင်းကို ကြိုဆိုဝမ်းသာကြောင်း ချင်းဒေသခံများထံမှ သိရသည်။

ဂျပန်အစိုးရက ရေးလွှမ်းမိုးမှုအများဆုံးခံရသည့် ရေဘေးသင်ပြည်သူများအတွက် ဆန်မတ်ထရစ် တန်ချိန် ၁၉၀၀ ကျော်ကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှတဆင့် ကူညီမည်ဖြစ်သည်။

“ရေဘေးသင့်ပြည်သူတွေအတွက် ဆန်လှူတာက အလွန်ဝမ်းသာစရာပါ။ ကျွန်တော်တို့ သိသလောက် ရေးဘေးဒဏ်ခံထားရ တဲ့ ဒေသတွေမှာ စားရေးသောက်ရေးကတော်တော်ကို ခက်ခဲနေတာတွေ ရှိပါတယ်။ ဆန်ထောက်ပံ့မှု ရတဲ့ဒေသတွေ ရှိပါတယ်။ ဒါပေမယ့် တချို့လည်း ထောက်ပံ့မှုတွေ မရကြပါဘူး။ ဆန်အပြင် အခြား လူအသုံးအဆောင်ပစ္စည်းတွေပါ လိုအပ်နေပါတယ်”ဟု ချင်းလူငယ် အဖွဲ့အစည်း(CYO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရေဘေးကယ်ဆယ်ရေး စားနပ်ရိက္ခာထောက်ပံ့ရေး အရေးပေါ်ရံပုံငွေတွင် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁၃ သိန်းကျော်လှူဒါန်းခဲ့ပြီး ယင်းရံပုံငွေဖြင့် ဆန်မတ်ထရစ် တန်ချိန် ၁၉၀၀ ကျော် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကာ ရေလွှမ်းမိုးမှုအများဆုံးခံရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ထောက်ပံ့မည် ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်းရှိ ရေဘေးဒဏ်အများဆုံးခံထားရသည့် ဒေသများဖြစ်သော ဟားခါး၊ တီးတိန် နှင့် ထန်းတလံမြို့များတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆန်များထောက်ပံ့ပေနေသော်လည်း ခွဲတမ်းအရ ထောက်ပံ့နေခြင်းကြောင့် လောက်ငှမှုမရှိကြောင်း ဒေသခံ များထံမှ သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွင် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် စားနပ်ရိက္ခာ လိုအပ်ချက် ဖြည့် ဆည်းပေးနိုင်ရန် အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ရ သန်း အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့သည် ပြည်တွင်းတွင် စားနပ်ရိက္ခာပိုင်း ထောက်ပ့ံပေးနေသော ရပ်ရွာပိုင်း အရင်းအမြစ်များဖော်ဆောင်ခြင်း၊ ကျောင်းတွင်း ရိက္ခာထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် မိခင်များအတွက် အာဟာရထောက်ပံ့ခြင်း၊ အေ့ဒ်စ် ရောဂါရှင်များ နှင့် တီဘီရောဂါရှင်များအား စားနပ်ရိက္ခာထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်နေသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...