သဘောတူညီချက်ချိုးဖောက်သည်ဟု ဆိုကာ အခြားချင်းပါတီများက CNDP ပါတီအား ရှုံ့ချ

သဘောတူညီချက်ချိုးဖောက်သည်ဟု ဆိုကာ အခြားချင်းပါတီများက CNDP ပါတီအား ရှုံ့ချ
by -
ချင်းဝောလ်
ချင်းတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ချင်းတိုင်းရင်းသားပါတီ ၁၀ ခုက ဇူလိုင် ၁၇ ရက်နေ့ တွင် ပါတီအသီးသီးမှ ဦးစားပေးအဆင့် သက်မှတ်ခံရသူများယှဉ်ပြိုင်သော မဲဆန်္ဒနယ်များအား ရှောင်ရှားရန် သဘောတူညီခဲ့သော်လည်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ချိုးဖောက်ခဲ့ သည်ဟုဆိုကာ ရှုံချကြောင်းကို ချင်းပါတီ(၆)ပါတီက စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

CNDP သည် ချင်းပါတီများ သဘောတူညီချက်ဖြစ်သော ပါတီတစ်ခုချင်းစီမှ ဦးစားပေးကိုယ်စား လှယ်လောင်းနှစ်ဦးစီဖြင့် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကို မရှောင်ရှားဘဲ နေရာအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်နေသောကြောင့် ချင်းပါတီများက ကန့်ကွက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ကန့်ကွက်ခြင်းအပေါ် CNDP အတွင်းရေးမှူး ဦးကျဲအိုဘိခ်ထောင်းက “ကျွန်တော်တို့ကိုပဲ ချိုးဖောက်တယ်လို့ ပြောနေတာကတော့ မှားတယ်ဗျ။ သူတို့ပါတီတွေကရော ရှောင်ခဲ့ကြလို့လား။ ကျွန်တော်ပါတီ ဥက္ကဌ ပြိုင်တဲ့နေရာကို သူတို့လည်း ပြိုင်နေတာပဲလေ။ ဘာကြောင့် ကျွန်တော်တို့ ပါတီကိုပဲ ချိုးဖောက်တယ်လို့ ပြောနေတာလဲ။ ဒီကိစ္စက မမှန်ကန်တဲ့ စွတ်စွဲ ချက်တွေဖြစ်တာကြောင့် စိတ်မကောင်းပါဘူး”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဧပြီလက ချင်းပါတီများ ပထမဆုံးတွေ့ဆုံစဉ် CNDP က ယင်းအဆိုကို စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုတင်သွင်းစဉ်က မည်သည့်ပါတီမှ လက်မခံကြောင်း၊ ထို့ကြောင့် မေလတွင် ပါတီအစည်းအဝေးကျင်းပပြီး မဲဆန္ဒနယ်များကို အပြီးသက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် (CNDP) ပါတီသည် အရှိုပါတီ၏ ဦးစားပေးစာရင်းဝင် မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ ခူမီး အမျိုးသားပါတီဥက္ကဋ္ဌ ဦးကျော်ထွန်း ဝင်ရောက်ယှဉ်ပြိုင်ရာ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ENDP ပါတီဝင်ရောက်ယှဉ်ပြိုင်ရာ မတူပီမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၊ ZNRD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာ တွန်းဇံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် အမှတ်(၁) နှင့် CPP ပါတီမှ ဦးနိုထန်ကပ်ဝင်ရောက်ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းချင်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်နှင့် ဦးရှိန်းထွန်း ဝင်ရောက်ယှဉ်ပြိုင်ရာ မင်းတပ်မြို့နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သောကြောင့်၂၀၁၅ ခုနှစ် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတွင် ချင်းမိသားစုနိုင်ငံရေးပါတီများ လက်တွဲညှိနှိုင်း ဆောင်ရွက်ရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ ချင်းပါတီများက အပြင်းအထန် ကန့်ကွက်ထားသည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...