Published
Wednesday, October 25, 2017
ကရင်ဘာသာ အစီအစဉ် (အောက်တိုဘာလ ၂၅၊ ၂၀၁၇)
ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုန်မှာ ရာဘာသန့်စင်စက်ရုံတည်ဆောက်သွားဖို့ရှိတယ်လို့ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်းမှာ ကျောက်မိုင်းခွဲမှုတချို့ ဆက်လက်လုပ်ဆောင်မှုရှိတဲ့အတွက် အစိုးရတာဝန်ရှိသူထံ ဒေသခံတွေက စာထပ်တင်လိုက်ပါတယ်။
၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)က ကရင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေယူဆောင်လာတာတွေရှိသလို စိုးရိမ်မှုနဲ့ ကြံုတွေ့နေရတာတွေလည်းရှိနေပါတယ်။






