Published
Wednesday, October 18, 2017
ကရင်ဘာသာ အစီအစဉ် (အောက်တိုဘာလ ၁၈၊ ၂၀၁၇)
အကောင်အထည်ဖော်ဖို့ရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း နဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဖားအံမြို့နယ် ကော့ရင်းအထက်အုပ်စုနဲ့ နောင်ကျန်အုပ်စုအကြားမှာ ထုတ်လုပ်နေတဲ့ တောင်ကလေးတောင်ကျောက်ထုတ်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ မသင့်တော့ဘူးလို့ သွားရောက်စစ်ဆေးမှုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက မှတ်ချက်ပေးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းအနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ နည်းလာတဲ့အတွက် ဆေးခန်းရဲ့လည်ပတ်မှုနဲ့ ဆေးဝါးကုသတဲ့ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိလာနေပါတယ်။






